E-g-g ဥ

ဒီနေ့ ဘဲဥချင်ရည်ဟင်း ချက်တယ်။ ကျွန်မနဲ့ ကျွန်မမောင်နဲ့ တွေးမိတဲ့ ဥတွေအကြောင်း conversation ပေါ့နော။

Bro: နင် ကြက်ဥနဲ့ ဘဲဥနဲ့ ခွဲတတ်လား။
Me: ကြက်ဥက အဝါရောင်၊ ဘဲဥက အဖြူ။
Bro: Wrong. မြန်မာ နိုင်ငံက ကြက်ဥတွေ အကုန်လုံး အဝါတွေလား။ ဖီဂျီ မှာရောင်းတဲ့ ကြက်ဥက အဝါရော၊ အဖြူရော။

(ကျွန်မက စဉ်းစားတယ်၊ ဖီဂျီ မှာ ဘဲခြံမရှိတာ တော့အမှန်ပဲ။ တချို့တော့ ဘဲမွေးတယ်။ ဒါပေမယ့် ဥရောင်းစားလောက်အောင် အမွေးဘူး။ သူ့အိမ်အတွက် အသားစားဘဲ တစ်ကောင် နှစ်ကောင် လောက်ပဲမွေးတာ။ ရောင်းသမျှဥတွေက ကြက်ခြံကထွက်တာ။)

Me: အင်း မသိဘူး။ ငါမှတ်မိသလောက်တော့ ဘဲဥက အနှစ်ပိုများသလားလို့။
Bro: ငန်းဥ ဆိုရင်ကော ဘယ်လိုနေမလဲမသိဘူး၊ ငန်းဥ ရောင်းလား။
Me: ငန်းဥ ငါတို့ မစားဘူး၊ ငန်းဥမရှိဘူး။ ငန်းက အကောင်ပေါက်တာ။ ဟို မြွေအကောင်ပေါက်သလိုပေါ့။
Bro: hehehe. ငုံးဥကရော၊ ရာသီအလိုက်ဥတာလား။
Me: ငုံးက ရာသီမရှိဘူး၊ ဥချင်တဲ့အချိန်ဥတာ။ သူဥချင်ပါတယ်ဆိုမှ ရာသီစောင့်နေရမှာလားနော်။
Bro: ဟို Turkey ဥကရော။
Me: Turkey ဥ မစားဖူးဘူး။ ဥမဥဘူး ထင်တယ်။
Bro: ဥတွေကို ဘယ်လို ခွဲလဲ မသိဘူး
Me: အင်း ငါလဲမသိဘူး။ ငါတော့ အကောင်လိုက်ပေါက်တာပိုကြိုက်တယ်။
Bro: hmm...

(ကျွန်မတို့ နှစ်ယောက် နဲနဲ အတွေးနယ်ချဲ့လိုက် ကြတယ်။ ဒါနဲ့ ရှေ့မှာရှိတယ့် ဘဲဥကို ဇွန်းနဲ့ ဖဲ့ရင်း ကျွန်မမောင်ကို ပြန်မေးတယ်)

Me: ဒါဆို၊ ဒါကို ဘယ်လိုခေါ်လဲ။ ဘဲဥချင်ရည်ဟင်း လား၊ ကြက်ဥချင်ရည်ဟင်းလား။ ကြက်ဥချင်ရည်ဟင် ရယ်လို့ မရှိဘူးမိုလား။
Bro: hmm...
Me: hmm...

ဘဲဥ၊ ကြက်ဥ ခွဲခြားမတတ်တဲ့ ကျွန်မတို့ နှစ်ယောက် အတွက်ကတော့ ဥဟင်းချက်တိုင်း တွေးတောဆဲ၊ စဉ်းစားဆဲ၊ mystery ပါပဲ။ သိတဲ့လူများရှိရင် enlighten ကြပါဦးနော။ ကျွန်မတို့ mystery လေးရှင်သွားအောင်ပေါ့နော။

4 comments:

Anonymous said...

ကျွန်တော်ကတော့ မစဉ်းစားပါဘူး
ဒါပေမယ့် ဘဲဥကနည်းနည်းပိုညှီမယ်ထင်တယ်နော်

NLS said...

ဘဲဥက အနှစ်ပိုများတယ်။ ကိုလက်စထရော ပိုများမယ် ထင်တယ်။ ငန်းဥ ဆိုတာလည်း ရှိတယ်။ သူက ကြီးတယ်။ တချို့တွေ စားကြတယ်။ ငန်းဥက သိပ်ဆိမ့်တယ်လို့ ပြောကြတယ်။ ဘဲငန်းဥ ရှိသလို ငန်းမြွေက ဥကိုလည်း ငန်းဥလို့ ခေါ်သေးတယ်။ ဟင်းချက်စားတဲ့အခါ ဘဲဥက ပိုအရသာရှိလို့ ဘဲဥချဉ်ရည်ဟင်းလို့ ခေါ်ကြတာပါ။ ကြက်ဥနဲ့ ချက်တော့လည်း ကြက်ဥချဉ်ရည်ဟင်းပေါ့ :)

မေ said...

ကြက်ဥက ပျော့တယ် ... ချက်စားလို့ မကောင်းဘူး ... ဘဲဥက ပိုမာတယ် ... မန်ကျည်းသီး၊ ငရုတ်သီးလေးနဲ့ ချဉ်ရေဟင်းလေး ချက်စားရင် သိပ်ကောင်း ... ပြောရင်း စားချင်လာလို့ နက်ဖြန်ကာ ချက်စားဦးမယ်။
နောက်တခု ထင်တာပြောကြည့်မယ် ... ကြက်ဥက စက်နဲ့ ထုတ်ကြတယ်မဟုတ်လား ... ဘဲဥက သဘာဝအတိုင်းပဲ ထုတ်ကြတာထင်တယ် ... နောက်ဆုံးတခု... မြန်မာပြည်ကလွဲရင် တခြားနိုင်ငံတွေမှာ ဘဲဥက ပိုရှားတယ်၊ ဈေးလဲပိုကြီးတယ်။

Laura Grenier said...

I find this conversation about eggs and their colors very interesting.