Hunting Elephants and Tigers

နေ့လည်က အလုပ်နဲနဲအားသွားလို့၊ လျှောက်ကြည့်ရင်း ကဗျာနှစ်ပုဒ် ဖတ်ဖြစ်သွားတယ်။
တစ်ယောက်ရေးတာကို၊ နောက်တစ်ယောက်က ပြန်ခံစားရေးတဲ့ သဘောထင်တယ်။
ကျွန်မ နှစ်ပုဒ်လုံးကို၊ နားလည်အောင် ကြိုးစားပီး ခံစားကြည့်တယ်။
သိပ်နားမလည်လိုက်ဘူး။ ကိစ္စမရှိပါဘူး။
ကဗျာရေးသူကလဲ သူ့ခံစားမှုနဲ့သူ။ ဖတ်သူကလဲ ကိုယ့်ခံစားမှုနဲကိုယ်ပဲ။
အဓိပ္ပါယ် တသမှတ်ထဲ ထွက်စရာမလိုဘူး။ ဖတ်လို့ စိတ်ထဲ တမျိုးဖြစ်သွားရင် ပီးတာပါပဲ။
ကျွန်မလဲ ဖတ်ပီး "သိပ်နားမလည်လိုက်ဘူး၊ ခောင်းစဉ်ကတော့ မိုက်တယ်" ဆိုတဲ့ တမျိုးဖြစ်သွားတယ်။
အဲဒါနဲ့ပဲ သူတို့လို ဆင်ဖမ်း၊ ကျားဖမ်း၊ ဖမ်းကြည့်စမ်းမယ်ဆိုပီး၊ အားအားယားယား လက်သယမ်းလိုက်တယ်။

လာဟဲ့

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။
အကျပ်အတည်းများလှတဲ့၊ လက်တလော စီးပွားရေးစနစ်မှာ၊
ကျားရေကိုဆုတ်၊ ဆင်စွယ်ခုတ်ပီး၊ အပြတ်လူလုပ်ပစ်လိုက်မယ်။

တက်တူးမထိုးဘူး၊ သိုင်းကွက်မနင်းဘူး၊ စကားနဲတယ်။
ဆင်ပေါက်တို့ ထက် (အတွက်) တော့၊ ဓါးရဲပါတယ်၊
သွားဖြဲကာ၊ ချိုမကျိုးသ၍ ပေါ့။

ကြူံးဝါးပြီး၊ လုံးပါးပါး မသွားချင်ပါဘူးလေ၊
ရာဇာတွေ အာဏာ ထက်တော့၊ တက်စ် တွေအများကြီးဆောင်ရတတ်တယ်၊
တော်ကြာ မှောင်ခိုဈေးထဲ၊ ကြောင်သူခိုးဝင်ဖမ်းတာလဲ ခံရဦးမယ်။

သူ သေချင်သေ ကျေပစေ၊
ဘယ်သူနိုင်နိုင်၊ ငါမရှုံးဖို့ပဲ အရေးကြီးတယ်။

အကြံတူ၊ ရန်သူတွေ များသမို့၊
ဝမ်းထဲပဲ လျှိုထားရမယ်။

တိတ်တိတ်လေး နဲ့၊ နောက်မှပဲ အမြှောက်နဲ့ ဆော်မယ်။

ခုလောလောဆယ်တော့၊ ဒေဝါလီက၊
ဗျောက်အိုးနဲနဲ သွားဝယ်ထားတယ်။

သေစမ်းဟယ်။
သေကြစမ်းဟယ်။
ခွေးအူမှာတော့ နဲနဲကြောက်တယ်။
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။

မေဗလပ်စ်
၁၆၊ ၁၀၊ ၀၉ - ညနေ ၆း၀၀ နာရီ

လောလောဆယ်တော့ FarmVille ပေါ်မှာ ဆင် ၅ ကောင်ဖမ်းထားပြီးပီ။ ကျားတော့ ဘယ်နားလိုက်ရှာ ဖမ်းရမလဲမသိသေးဘူး။ ဟို neighbour အစ်မ တစ်ယောက်စီမှာ၊ ဆင်တပ်ကြီး တစ်တပ်တွေ့လို့ နဲနဲဖြုံသွားတယ်။ အကောင် ၃၀ ကျော်မယ်ထင်တယ်။ နည်းလေး၊ လမ်းလေး သွားမေးထားဦးမှ။

ဆင်စမွေးတော့ ဘာများရမလဲပေါ့နော၊ မျှော်တလင့်လင့်နဲ့။ ဆင်စွယ်ပဲ ဖြတ်ရောင်းရတော့မလိုလို၊ ဆင်မှီးပဲ နှုပ်ရောင်းရတော့မလိုလိုနဲ့၊ ရလဲရရော "collect circus peanuts" တဲ့...သေစမ်း။

တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ ဂျီတော့ခ် စတေးတက်စ် မှာရေးထားတယ်
"မာန တံခွန် မိုးသို့ချွန်လည်း၊ မစင်စွန့်က ဖင်ချွတ်ရ၏" တဲ့။
မှန်လိုက်လေ၊ တယ်တော်တဲ့စာပါလား ဆိုပီး ကောင်းကောင်းရီလိုက်ပါသေးတယ်။

ဒါနဲ့ ငါဆက်တွေးမိတယ်...

တချို့က ငါ့ကို ပြောကြတယ်၊ အဲဒီ စတေးတက်စ် တင်ထားတဲ့ သူငယ်ချင်း အပါအဝင်ပါပဲ၊
"နင် တယ်မာနကြီးပါလား" တဲ့၊ "နင်ကကြီးကျယ်တယ်ပေါ့" တဲ့။
တခါတလေ ငါစိတ်ကြည်နေတဲ့ အချိန်မှာ သူတို့စွတ်ဆွဲချက် မဟုတ်မှန်ကြောင်း ပြန်ငြင်းဆို၊ ရှင်းလင်းချက် ထုတ်တတ်ပါတယ်။
များသောအားဖြင့်ကတော့ ဘယ်သူတွေ ဘာလာပြောပြော ငါဂရုမစိုက်တတ်ဘူး။
အချိန်ကုန်ခံပီး ရှင်းပြချက်လဲ ထုတ်မနေနိုင်/ထုတ်မပြခဲ့ဘူး။

ငါ့ကိုယ်ငါ ခံယူချက်ကတော့ "ငါဟာ မာနကြီးသူ တစ်ယောက်မဟုတ်။
ငါဟာ လူမှုဆက်ဆံရေး အလွန်ညံ့ဖျင်းပြီး အတ္တကြီးသူ တစ်ယောက်သာဖြစ်တယ်" လို့ပါပဲ။
ငါသည် "ငါ" ဆိုသော စာလုံးတစ်လုံးထဲကိုသာ နားလည်သော အတ္တသမားတစ်ယောက်သာဖြစ်တယ်။
ငါ့ရဲ့ အတ္တကြီးမှုကို လူတော်တော်များများက မာနကြီးချင်းဖြစ်တယ် လို့အထင်လွဲ ခေါင်းဆင်တပ်ကြတယ်။
ငါ့မှာ "ငါ" ကလွဲလို့ ပြန်ပြောစရာ စကားလုံး မကြွယ်ဝဘူး။

ငါ့ကို အပိုစကားတွေ လာမပြောပါနဲ့။
ငါဟာ ငါအခင်ဆုံး၊ အတွယ်တာဆုံး "ငါ" နဲ့တောင်၊ မလိုရင် စကားအပို မပြောတတ်သူ။
ငါ သောက်သိပ်ဂရုမစိုက်တဲ့ မင်းတို့ပြောလာတဲ့ စကားပိုတွေကို စိတ်/ခေါင်းရှုပ်ခံ စဉ်းစားမနေနိုင်ဘူး။
ငါ့ အတ္တနဲ့ ငါ၊ ငါ့ ကမ္ဘာမှာ ပျော်မွေ့နေသူပါ။
ငါ့ အတွက် ငါ ဘယ်သူ့ကိုမှ မလိုအပ်(သေး)သလို၊ ငါ့ ကိုလဲ ဘယ်သူမှ မလိုအပ်ကြပါနဲ့ (ဦး)။

ငါဟာ အရပ်ပုသလောက် အလွန် စိတ်တိုတတ်တဲ့ မိန်းမတစ်ယောက်ပါ။
တခါတလေ ငါ တိတ်တဆိတ် ငြိမ်သက်နေမိပါတယ်။
ကောင်းသောငြိမ်သက်ခြင်း ဖြစ်နိုင်သလို၊ မကောင်းသောငြိမ်သက်ခြင်းလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အသေခြာဆုံးတခုကတော့ ငါ့ကိုယ်ငါ ခဏလေးအနားပေးလိုက်တာပါပဲ။

ငါ့မှာ လုပ်စရာတွေ အများကြီးရှိနေတယ်။
ငါအလုပ်များနေတဲ့အချိန်မှာ စကားအပိုတွေလာမပြောကြပါနဲ့၊
ငါ့နားထဲ တလုံးမှ ဝင်မှာမဟုတ်သလို၊ မင်းတို့လဲ အာညောင်းသက်သာအောင်လို့ပါ။

ခဏလောက် ငါ့ကိုလေ... တရားလာမဟောကြပါနဲ့ဦး။
အတ္တကြီးတဲ့ ငါ...
လောဘတွေး တွေး၊ ဒေါသတွေ မွေးပြီး၊ မောဟလဲ နဲနဲပွားလိုက်ပရစေဦး၊
အလွန်တိုတောင်းတဲ့ ကိလေသာ ကာမဘုံမှာ၊ ခဏလေး ငရဲယူ ပျော်မွေ့ပရစေ၊
ငါလုပ်ဖူးတယ်ရှိအောင် လုပ်လိုက်ကြည့်ချင်လို့ပါ။
ငါဟာ ဘုရားဖြစ်(ဆောက်)မယ့် အုတ်နီခဲ မဟုတ်သလို၊
ကျောင်းဆောက်၊ လမ်းဖောက်၊ နတ်ပြည်တက်ပြီး၊
သကြားမင်း မောင်ကြီး မာဃရဲ့ အမြှောင်မယားလဲ မလုပ်ချင်သေးဘူး။

အဲဒီလောက် မိုက်လုံးကြီးတဲ့ငါ့ကို၊ အပိုစကားတွေ လာမပြောပါနဲ့။
ငါ့ဒုက္ခနဲ့ငါ ခဏလေး လွှတ်ထားပေးလိုက်စမ်းပါ။
ငါ ဆင်ချင်ထုံတရား ရှိနေသေးသရွေ့တော့၊ ဒီ့ထက်မဆိုးအောင် ကြိုးစားနေမှာပါ။
ငါ့မှာ ဆပ်ရမယ့် ကျေးဇူးတွေ များလွန်းနေလို့၊ မင်းတို့ဆီမှာ ကျေးဇူးအကြွေး ထပ်မတင်ချင်တဲ့ ဆန္ဒသက်သက်ပါ။
တရားသဘော စိတ်မနောမှာ၊ မှတ်ယူမပြတ် နေ့စဉ်ကျက်ကြတဲ့ ကျေးဇူးရှင် လူကြီးမင်းများ၊
ဒီက အမိုက်မကို သဘောထားကြီးစွာ နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ခဏတော့ ငါ့ရဲ့ ခပ်စွာစွာ စကားလုံးတွေကို ဝှက်ပီး၊ ငါငြိမ်ငြိမ်လေး ငေးနေပရစေ။
အလွန်ညိမ့်ညောင်းတဲ့ တိတ်ဆိတ်ခြင်းသံစဉ်ကို ငါခံစားကြည့်နေချင်းသာဖြစ်ပါတယ်။

ကျန်းခန့်သာလို့ မာပါစရှင်...မရေးတာကြာလို့ ရေးလိုက်ပါဦးမလားလို့...

ဒီမှာ ခုလေးတင် ကျွန်မတို့ ညစာစားပီးပါတယ်။ စားပီးတိုင်း လုပ်နေကြ ရန်စချင်းအလုပ်ကို ကျွန်မမောင်က စတင်လိုက်ပါတယ်။

"မစု ဝါ့ခ်ျ မိုင် ဒစ်ချက်စ်၊" အသံပြက်နဲ့ မထီမဲ့မြင် ခပ်ထန်ထန်ပြောပြီး သူ့ ပန်းကန်ကိုကျွန်မစေးနေတဲ့ဘေးမှာ လာပြစ်တင်လိုက်တယ်။

ကျွန်မကလဲ ပြန်ပြောနေကျ "နိုး၊ အိုင် ဒုံ့ လိုက်ခ် ယူ" ဆိုပီး ခပ်ထန်ထန်ပြန်ပြောလိုက်တယ်။ သူကလဲ အားကျမခံ "ယူ ဒုံ့ နိ တူ လိုက်ခ် မီ၊ ဂျက်စ် ဝါ့ခ်ျ မိုင် ဒစ်ချက်စ်" ဆိုပီး ပြန်ပက်ပါရော။ ကျွန်မက "ဒိုင်း ယူ အိဒိယက်" လို့ပြန်ကောလိုက်တာကို သူက နင့်ကိုနားမထောင်နေဘူး၊ ငါမကြားဘူး၊ လုံးဝဂရုမစိုက်ဘူးဆိုတဲ့ စတိုင်မျိုးနဲ့ "ဖခ်ျရှီးးး(ရှူးး)" ဆိုပီး သံတွေးဆင်အောင် မှုတ်သွားပါတယ်။

ကျွန်မကလဲ အောင်မာဘယ်ရမလဲပေါ့ ဒါမျိုးငါ့ကို လာကြောလို့ရစတမ်းလားဆိုပီး သူ့ရဲ့ "ဖခ်ျရှီးးး(ရှူးး)" လေမှုတ်သံကို ဗမာငပိသံဖမ်းပီး "ဘွတ်၊ ချွတ်၊ ဒိုင်း။ ဒိုင်း ယူ စတုပစ်" ဆိုပီး အပြန်အလှန် ရန်တွေ့ပြစ်လိုက်တာပေါ့။

အင်း...ပန်းကန်စေးရင်း သူတပြန် ကိုယ်တပြန် လေကုန်ခံ ရန်ဖြစ်တမ်း ကစားပြီးသကာလ ခဏအကြာတော့...ကျွန်မခေါင်းထဲ...
အက်ဒီဆင် လျှက်စစ်မီး တီထွင်လို့ ရသွားသလို "တွင်င်ငင်ငင်" ဆိုပီး မီးလုံးလေးပွင့်၊
အာခီမီဒီး ကိုယ်လုံးတီးနဲ့ ရေချိုးကန်ထဲကထ "ယူရစ်ကာ" လို့ထအော်သလို၊ တယ်တော်တဲ့ငါလဟဲ့ ခုမှပဲသဘောက်ပေါ သဘောပေါက်တော့တယ်ဆိုပီး၊ ကလေးဘဝဆိုခဲ့တဲ့ အီးဘွတ်တရာဟောတမ်း အကြောင်းကို ပြန်ပြောင်းအောင့်မေ့ပီး၊ အငယ်ကောင်ကို ရှင်းလင်းတမ်းထုတ်လိုက်ပါတော့သည်။

"အိုး အိုး ယူနိုး၊ အိုင် ဂျက်စ် ရီရရ်လိုက်ဇ် ဟောင်း စမါ့ တဲ ကစ်ဒ် အာ" ဗမာကလေးငယ်တွေ ဘယ်လောက်တော်ကြောင်း၊ နိုင်ငံခြားရေးရာ ဗဟုသုတ အလွန်ရှိကြောင်း၊ အတွေး အခေါ် အလွန်ပြောင်မြောက်ကြောင်း ချီးမွမ်းခမ်း ထုတ်လိုက်တာပေါ့။

ဒီလိုလေ...
ကျွန်မတို့ ကလေးတုန်းက လက်ညှိုးထိုးကဗျာဆိုခဲ့ပါရောလား... "အီး အီး ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော အီးဘွတ်တရာဟော။ ဟောလို့မသေ သံပရာရည်၊ ဘွတ်၊ ချွတ်၊ ဒိုင်း" ဒိုင်းလို့ လက်ညှိုးအထိုးခံရသူကို အီးပေါက်တဲ့လူဆိုပီး တရားစီရင်ကြပါရောလား။ (ခုခေတ်ကလေးတွေ အီးပေါက်ကောင်ဘယ်လိုဖော်သလဲမသိပါ)

ခုပြန်စဉ်းစားကြည့်မှ ဒီကဗျာရေးတဲ့သူဟာ ဘယ်လောက်တော်ကြောင်း သဘောပေါက်မိတော့တယ်။ သူဟာ နိုင်ငံခြားရေးရာ အမြင် အလွန်ရှေ့သွားတဲ့သူပဲ။ အကြားအမြင်လဲ နဲနဲပေါက်နေပုံရတယ်။ အင်္ဂလိပ် စကားလဲ အတော်အတန် တတ်ပုံပဲ။ ကြည့်ပါလား ဟိုတနေ့တုန်းကတင် အမေရိကန် သမ်မတဟောင်းဖြစ်သွားတဲ့ မစ်စတာ ဘွတ်ခ်ျ ကို မေတ်တာပို့ထားတာ။ အတော်စိတ်ကြီးတာပါ သူက ကဗျာထဲမှာ မက်ဆေ့ခ်ျ ထည့်ပီး ရေးထားတာ၊ "ဘွတ်ခ်ျ ရွှတ် ဒိုင်း" တဲ့။ မစ်စတာ ဘွတ်ခ်ျ သေသင့်ကြောင်း ကလေးတွေရဲ့ အီးပေါက်တရားဟောစာတမ်းထဲထည့်ပီး သူ့ကို ဘယ်လောက်ကြည်ညိုကြောင်း မေတ်တာ ပို့လိုက်တာပဲနော်။

အင်း အင်း...ဒါနဲ့တင် မပီးဘူး...ကျွန်မရဲ့ အနေနိုင် မထိုင်နိုင် အကျင့်လေးအရ ဒါလေးတွေ ဆက်တွေးမိပါရောလား။ (သည်းခံကြပါ၊ အရူး အတွေးကြောက နဲနဲရှည်တယ်)

ကျွန်မအဲ့ဒီကဗျာကိုဆိုခဲ့တုန်းက ၆နှစ်၊ ၈နှစ်၊ နှပ်ချီးတွဲလောင်းအရွယ်ပေါ့။ (မှတ်ချက်။ ကျွန်မနှပ်ချီး မတွဲလောင်းခဲ့ပါ။ ကလော်ပဲ ကလော်ခဲ့ပါသည်။ "ဖစ်ဂါ အော့ဖ် စပိခ်ျ" မျှသာဖြစ်ပါသည်) အဲဒီတုန်းက မှတ်မိသလောက်ဆို ၄၂ ယောက်မြောက် သမ်မတ ဘေး ကလင်တန် ပေါ့။ ၄၃ ယောက်မြောက် ဘွတ်ခ်ျ ကဘယ်နေမှန်း မသိသေးဘူး၊ ကဗျာကလဲ ပေါ်တာအတော်ကြာနေပီဖြစ်ပုံရတယ်...ဆိုတော့...

သေသေချာချာ သုံးသပ်ကြည့်တော့ ဒီ ဘွတ်ခ်ျကို ပြောတာမဖြစ်နိုင်ဘူး။ အခု ဘွတ်ခ်ျရဲ့ ခမည်းတော် ဘဘကြီး ဘွတ်ခ်ျ၊ ၄၁ ယောက်မြောက် သမ်မတ၊ အတွက်ဆပ်ထားတာ ပိုဖြစ်နိုင်တယ်။ အဖေရော၊ သားရော ကံဆပ်ကြတယ်ထင်တယ်၊ သူတို့ သမ်မတ သက်တမ်းမှာ စစ်ဖြစ်ရတယ် ဆိုတော့ သူတို့ကို အလိုတူတဲ့လူတွေရှိသလို၊ စောဏက အီးဘွတ်တရား ကဗျာဆရာလို အမြင်ကပ်တဲ့လူတွေလဲ ရှိမှာပေါ့နော။ အင်း ထားပါတော့ ဘယ် ဘွတ်ခ်ျပဲဖြစ်ဖြစ် ကဗျာလေးက နှစ်ယောက်စလုံးနဲ့ အလွန်းတင့်သွားတာပဲဆိုပီး ချီးကျူးရင်း ကျွန်မအတွေး အမျှင်တမ်းကို အဆုံးသပ်လိုက်ပါတော့သည်။

စာကြွင်း။
ဒါလေးကတော့ ဒီပိုစ့်ကိုရေးနေတုန်း ကျွန်မမှတ်သားလိုက်ရတယ် စာတိုစာစလေးပါ။

ကျွန်မ။ ဟေး ဟေး ဖိုးသား "ဖစ်ဂါ အော့ဖ် စပိခ်ျ" ကို မြန်မာလို ဘာခေါ်လဲ။
(...)

မေကြီး။ ခိုင်းနှိုင်းတာလား
ကျွန်မ။ ခိုင်းနှိုင်းတာ?...အင်း နီးစပ်တယ်...ဒါပေမယ့် တမျိုးပဲ နောက်ထပ် အသုံးအနှုံးမရှိဘူးလား...ဟင် ဖေကြီး?

ဖေကြီး။ ရူပကလင်္ကာ
ကျွန်မ။ ဟမ်...ဘာကြီး?

ဖေကြီး။ ရူပကလင်္ကာခေါ်တယ်၊ သတန်ဆင်တဲ့ဟာကိုပြောတာ။
ဦးပုံညရဲ့ ရေသည်ပြဇာတ်ရှင်းတမ်းထဲမှာ ပြောသလို...
ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊
ခါးဆီးဝတ်လဲ၊ ချုပ်စပြဲကို၊
တဲအပ်နှင့်တွယ်၊
မြင်မြင်သမျှ စိတ်ပျက်အောင် လှပါတဲ့...
အဲဒီမှာ ဆံထုံးတော်ကြီး တမာသီး က ဖစ်ဂါအော့ဖ် စပိခ်ျ၊ သမားသီးသတန်ရှိတဲ့ ဆံတုံး လို့ပြောတာ။
"ကဲ့သို့" လို့စကားလုံးပါရင် ဥပမာဖြစ်သွားတယ်၊ "ကဲ့သို့" စကားလုံးမပါရင် ရူပကဖြစ်သွားတယ်၊ ယှဉ်ပီးပြတာ။
ဥပမာ...လေဆင်နှမောင်း - ဆင်နှမောင်းသတန် လေ၊
သံသရာ ချားရဟက်၊
သုံးရက်လ၊ ခုံးမျက်စ၊ ရူပကာ အသွင်...အကုန်လုံး ရူပကလင်္ကာတွေပဲ အင်း အများကြီးပဲ ငါလဲမေ့ကုန်ပီ။

ကျွန်မ။ (...) အာ...မေကြီး စောဏတုန်းက ဘာပြောတယ်၊ ခိုင်းနှိုင်းတာ ဟုတ်လား?

အီတွင် သတင်းများကို ကြေညာလို့ပြီးပါပီ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရှင်။ :D

E-g-g ဥ

ဒီနေ့ ဘဲဥချင်ရည်ဟင်း ချက်တယ်။ ကျွန်မနဲ့ ကျွန်မမောင်နဲ့ တွေးမိတဲ့ ဥတွေအကြောင်း conversation ပေါ့နော။

Bro: နင် ကြက်ဥနဲ့ ဘဲဥနဲ့ ခွဲတတ်လား။
Me: ကြက်ဥက အဝါရောင်၊ ဘဲဥက အဖြူ။
Bro: Wrong. မြန်မာ နိုင်ငံက ကြက်ဥတွေ အကုန်လုံး အဝါတွေလား။ ဖီဂျီ မှာရောင်းတဲ့ ကြက်ဥက အဝါရော၊ အဖြူရော။

(ကျွန်မက စဉ်းစားတယ်၊ ဖီဂျီ မှာ ဘဲခြံမရှိတာ တော့အမှန်ပဲ။ တချို့တော့ ဘဲမွေးတယ်။ ဒါပေမယ့် ဥရောင်းစားလောက်အောင် အမွေးဘူး။ သူ့အိမ်အတွက် အသားစားဘဲ တစ်ကောင် နှစ်ကောင် လောက်ပဲမွေးတာ။ ရောင်းသမျှဥတွေက ကြက်ခြံကထွက်တာ။)

Me: အင်း မသိဘူး။ ငါမှတ်မိသလောက်တော့ ဘဲဥက အနှစ်ပိုများသလားလို့။
Bro: ငန်းဥ ဆိုရင်ကော ဘယ်လိုနေမလဲမသိဘူး၊ ငန်းဥ ရောင်းလား။
Me: ငန်းဥ ငါတို့ မစားဘူး၊ ငန်းဥမရှိဘူး။ ငန်းက အကောင်ပေါက်တာ။ ဟို မြွေအကောင်ပေါက်သလိုပေါ့။
Bro: hehehe. ငုံးဥကရော၊ ရာသီအလိုက်ဥတာလား။
Me: ငုံးက ရာသီမရှိဘူး၊ ဥချင်တဲ့အချိန်ဥတာ။ သူဥချင်ပါတယ်ဆိုမှ ရာသီစောင့်နေရမှာလားနော်။
Bro: ဟို Turkey ဥကရော။
Me: Turkey ဥ မစားဖူးဘူး။ ဥမဥဘူး ထင်တယ်။
Bro: ဥတွေကို ဘယ်လို ခွဲလဲ မသိဘူး
Me: အင်း ငါလဲမသိဘူး။ ငါတော့ အကောင်လိုက်ပေါက်တာပိုကြိုက်တယ်။
Bro: hmm...

(ကျွန်မတို့ နှစ်ယောက် နဲနဲ အတွေးနယ်ချဲ့လိုက် ကြတယ်။ ဒါနဲ့ ရှေ့မှာရှိတယ့် ဘဲဥကို ဇွန်းနဲ့ ဖဲ့ရင်း ကျွန်မမောင်ကို ပြန်မေးတယ်)

Me: ဒါဆို၊ ဒါကို ဘယ်လိုခေါ်လဲ။ ဘဲဥချင်ရည်ဟင်း လား၊ ကြက်ဥချင်ရည်ဟင်းလား။ ကြက်ဥချင်ရည်ဟင် ရယ်လို့ မရှိဘူးမိုလား။
Bro: hmm...
Me: hmm...

ဘဲဥ၊ ကြက်ဥ ခွဲခြားမတတ်တဲ့ ကျွန်မတို့ နှစ်ယောက် အတွက်ကတော့ ဥဟင်းချက်တိုင်း တွေးတောဆဲ၊ စဉ်းစားဆဲ၊ mystery ပါပဲ။ သိတဲ့လူများရှိရင် enlighten ကြပါဦးနော။ ကျွန်မတို့ mystery လေးရှင်သွားအောင်ပေါ့နော။

Elizabeth Hurley in Giambattista Valli

Hold It!, Don't Breath! Gonna burst any minute. How could she possibly wear that, rather, how did she zipped that up!?

The model/"actress" showed off a Jessica Rabbit type figure when she left her home this evening en route to light up the Tower Of London in pink as part of the Global Illumination Initiative to raise awareness for breast cancer. Source.

Elizabeth Hurley in Giambattista Valli

The model for that dress has something like... size A cup, obviously there is a reason to choose such model and Ms Hurley is no way near A. Geez!

Elizabeth Hurley in Giambattista Valli

Don't you think in the 2nd pic, looks like she's having a trouble breathing? Hoo Haa... there there slowly... Can't made up my mind whether I should pity her or the poor dress. The beauty and the suffering is just madness.

Anyways, more on Giambattista Valli Spring 2009 set photos here. Don't like any of it, so odd for my taste. These ones are listed as the unofficial wedding dresses.

The unofficial Wedding Dress - Holly! The unofficial Wedding Dress - Oh Lord NO! Don't you think they look like Human-Poodle, if they go with this hair style? hehe 00600m Here are some puffy skirts from the set. I like the design on the white one but don't like that big skirt. Too airy underneath. :P Giambattista Valli Giambattista Valli More here: Giambattista Valli Spring 2009