Hunting Elephants and Tigers

နေ့လည်က အလုပ်နဲနဲအားသွားလို့၊ လျှောက်ကြည့်ရင်း ကဗျာနှစ်ပုဒ် ဖတ်ဖြစ်သွားတယ်။
တစ်ယောက်ရေးတာကို၊ နောက်တစ်ယောက်က ပြန်ခံစားရေးတဲ့ သဘောထင်တယ်။
ကျွန်မ နှစ်ပုဒ်လုံးကို၊ နားလည်အောင် ကြိုးစားပီး ခံစားကြည့်တယ်။
သိပ်နားမလည်လိုက်ဘူး။ ကိစ္စမရှိပါဘူး။
ကဗျာရေးသူကလဲ သူ့ခံစားမှုနဲ့သူ။ ဖတ်သူကလဲ ကိုယ့်ခံစားမှုနဲကိုယ်ပဲ။
အဓိပ္ပါယ် တသမှတ်ထဲ ထွက်စရာမလိုဘူး။ ဖတ်လို့ စိတ်ထဲ တမျိုးဖြစ်သွားရင် ပီးတာပါပဲ။
ကျွန်မလဲ ဖတ်ပီး "သိပ်နားမလည်လိုက်ဘူး၊ ခောင်းစဉ်ကတော့ မိုက်တယ်" ဆိုတဲ့ တမျိုးဖြစ်သွားတယ်။
အဲဒါနဲ့ပဲ သူတို့လို ဆင်ဖမ်း၊ ကျားဖမ်း၊ ဖမ်းကြည့်စမ်းမယ်ဆိုပီး၊ အားအားယားယား လက်သယမ်းလိုက်တယ်။

လာဟဲ့

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။
အကျပ်အတည်းများလှတဲ့၊ လက်တလော စီးပွားရေးစနစ်မှာ၊
ကျားရေကိုဆုတ်၊ ဆင်စွယ်ခုတ်ပီး၊ အပြတ်လူလုပ်ပစ်လိုက်မယ်။

တက်တူးမထိုးဘူး၊ သိုင်းကွက်မနင်းဘူး၊ စကားနဲတယ်။
ဆင်ပေါက်တို့ ထက် (အတွက်) တော့၊ ဓါးရဲပါတယ်၊
သွားဖြဲကာ၊ ချိုမကျိုးသ၍ ပေါ့။

ကြူံးဝါးပြီး၊ လုံးပါးပါး မသွားချင်ပါဘူးလေ၊
ရာဇာတွေ အာဏာ ထက်တော့၊ တက်စ် တွေအများကြီးဆောင်ရတတ်တယ်၊
တော်ကြာ မှောင်ခိုဈေးထဲ၊ ကြောင်သူခိုးဝင်ဖမ်းတာလဲ ခံရဦးမယ်။

သူ သေချင်သေ ကျေပစေ၊
ဘယ်သူနိုင်နိုင်၊ ငါမရှုံးဖို့ပဲ အရေးကြီးတယ်။

အကြံတူ၊ ရန်သူတွေ များသမို့၊
ဝမ်းထဲပဲ လျှိုထားရမယ်။

တိတ်တိတ်လေး နဲ့၊ နောက်မှပဲ အမြှောက်နဲ့ ဆော်မယ်။

ခုလောလောဆယ်တော့၊ ဒေဝါလီက၊
ဗျောက်အိုးနဲနဲ သွားဝယ်ထားတယ်။

သေစမ်းဟယ်။
သေကြစမ်းဟယ်။
ခွေးအူမှာတော့ နဲနဲကြောက်တယ်။
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။

မေဗလပ်စ်
၁၆၊ ၁၀၊ ၀၉ - ညနေ ၆း၀၀ နာရီ

လောလောဆယ်တော့ FarmVille ပေါ်မှာ ဆင် ၅ ကောင်ဖမ်းထားပြီးပီ။ ကျားတော့ ဘယ်နားလိုက်ရှာ ဖမ်းရမလဲမသိသေးဘူး။ ဟို neighbour အစ်မ တစ်ယောက်စီမှာ၊ ဆင်တပ်ကြီး တစ်တပ်တွေ့လို့ နဲနဲဖြုံသွားတယ်။ အကောင် ၃၀ ကျော်မယ်ထင်တယ်။ နည်းလေး၊ လမ်းလေး သွားမေးထားဦးမှ။

ဆင်စမွေးတော့ ဘာများရမလဲပေါ့နော၊ မျှော်တလင့်လင့်နဲ့။ ဆင်စွယ်ပဲ ဖြတ်ရောင်းရတော့မလိုလို၊ ဆင်မှီးပဲ နှုပ်ရောင်းရတော့မလိုလိုနဲ့၊ ရလဲရရော "collect circus peanuts" တဲ့...သေစမ်း။

2 comments:

အရုဏ်ဦး said...

I applaud your wit! I probably wouldn't have come up with a reply poem even if I tried very hard!

Happy Deepavali! and have fun catching tigers and elephants ;-)

visit this site said...

Nice blog. Keep sharing more posts.