Showing posts with label mayvelous. Show all posts
Showing posts with label mayvelous. Show all posts

Hunting Elephants and Tigers

နေ့လည်က အလုပ်နဲနဲအားသွားလို့၊ လျှောက်ကြည့်ရင်း ကဗျာနှစ်ပုဒ် ဖတ်ဖြစ်သွားတယ်။
တစ်ယောက်ရေးတာကို၊ နောက်တစ်ယောက်က ပြန်ခံစားရေးတဲ့ သဘောထင်တယ်။
ကျွန်မ နှစ်ပုဒ်လုံးကို၊ နားလည်အောင် ကြိုးစားပီး ခံစားကြည့်တယ်။
သိပ်နားမလည်လိုက်ဘူး။ ကိစ္စမရှိပါဘူး။
ကဗျာရေးသူကလဲ သူ့ခံစားမှုနဲ့သူ။ ဖတ်သူကလဲ ကိုယ့်ခံစားမှုနဲကိုယ်ပဲ။
အဓိပ္ပါယ် တသမှတ်ထဲ ထွက်စရာမလိုဘူး။ ဖတ်လို့ စိတ်ထဲ တမျိုးဖြစ်သွားရင် ပီးတာပါပဲ။
ကျွန်မလဲ ဖတ်ပီး "သိပ်နားမလည်လိုက်ဘူး၊ ခောင်းစဉ်ကတော့ မိုက်တယ်" ဆိုတဲ့ တမျိုးဖြစ်သွားတယ်။
အဲဒါနဲ့ပဲ သူတို့လို ဆင်ဖမ်း၊ ကျားဖမ်း၊ ဖမ်းကြည့်စမ်းမယ်ဆိုပီး၊ အားအားယားယား လက်သယမ်းလိုက်တယ်။

လာဟဲ့

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။
အကျပ်အတည်းများလှတဲ့၊ လက်တလော စီးပွားရေးစနစ်မှာ၊
ကျားရေကိုဆုတ်၊ ဆင်စွယ်ခုတ်ပီး၊ အပြတ်လူလုပ်ပစ်လိုက်မယ်။

တက်တူးမထိုးဘူး၊ သိုင်းကွက်မနင်းဘူး၊ စကားနဲတယ်။
ဆင်ပေါက်တို့ ထက် (အတွက်) တော့၊ ဓါးရဲပါတယ်၊
သွားဖြဲကာ၊ ချိုမကျိုးသ၍ ပေါ့။

ကြူံးဝါးပြီး၊ လုံးပါးပါး မသွားချင်ပါဘူးလေ၊
ရာဇာတွေ အာဏာ ထက်တော့၊ တက်စ် တွေအများကြီးဆောင်ရတတ်တယ်၊
တော်ကြာ မှောင်ခိုဈေးထဲ၊ ကြောင်သူခိုးဝင်ဖမ်းတာလဲ ခံရဦးမယ်။

သူ သေချင်သေ ကျေပစေ၊
ဘယ်သူနိုင်နိုင်၊ ငါမရှုံးဖို့ပဲ အရေးကြီးတယ်။

အကြံတူ၊ ရန်သူတွေ များသမို့၊
ဝမ်းထဲပဲ လျှိုထားရမယ်။

တိတ်တိတ်လေး နဲ့၊ နောက်မှပဲ အမြှောက်နဲ့ ဆော်မယ်။

ခုလောလောဆယ်တော့၊ ဒေဝါလီက၊
ဗျောက်အိုးနဲနဲ သွားဝယ်ထားတယ်။

သေစမ်းဟယ်။
သေကြစမ်းဟယ်။
ခွေးအူမှာတော့ နဲနဲကြောက်တယ်။
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။

မေဗလပ်စ်
၁၆၊ ၁၀၊ ၀၉ - ညနေ ၆း၀၀ နာရီ

လောလောဆယ်တော့ FarmVille ပေါ်မှာ ဆင် ၅ ကောင်ဖမ်းထားပြီးပီ။ ကျားတော့ ဘယ်နားလိုက်ရှာ ဖမ်းရမလဲမသိသေးဘူး။ ဟို neighbour အစ်မ တစ်ယောက်စီမှာ၊ ဆင်တပ်ကြီး တစ်တပ်တွေ့လို့ နဲနဲဖြုံသွားတယ်။ အကောင် ၃၀ ကျော်မယ်ထင်တယ်။ နည်းလေး၊ လမ်းလေး သွားမေးထားဦးမှ။

ဆင်စမွေးတော့ ဘာများရမလဲပေါ့နော၊ မျှော်တလင့်လင့်နဲ့။ ဆင်စွယ်ပဲ ဖြတ်ရောင်းရတော့မလိုလို၊ ဆင်မှီးပဲ နှုပ်ရောင်းရတော့မလိုလိုနဲ့၊ ရလဲရရော "collect circus peanuts" တဲ့...သေစမ်း။

တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ ဂျီတော့ခ် စတေးတက်စ် မှာရေးထားတယ်
"မာန တံခွန် မိုးသို့ချွန်လည်း၊ မစင်စွန့်က ဖင်ချွတ်ရ၏" တဲ့။
မှန်လိုက်လေ၊ တယ်တော်တဲ့စာပါလား ဆိုပီး ကောင်းကောင်းရီလိုက်ပါသေးတယ်။

ဒါနဲ့ ငါဆက်တွေးမိတယ်...

တချို့က ငါ့ကို ပြောကြတယ်၊ အဲဒီ စတေးတက်စ် တင်ထားတဲ့ သူငယ်ချင်း အပါအဝင်ပါပဲ၊
"နင် တယ်မာနကြီးပါလား" တဲ့၊ "နင်ကကြီးကျယ်တယ်ပေါ့" တဲ့။
တခါတလေ ငါစိတ်ကြည်နေတဲ့ အချိန်မှာ သူတို့စွတ်ဆွဲချက် မဟုတ်မှန်ကြောင်း ပြန်ငြင်းဆို၊ ရှင်းလင်းချက် ထုတ်တတ်ပါတယ်။
များသောအားဖြင့်ကတော့ ဘယ်သူတွေ ဘာလာပြောပြော ငါဂရုမစိုက်တတ်ဘူး။
အချိန်ကုန်ခံပီး ရှင်းပြချက်လဲ ထုတ်မနေနိုင်/ထုတ်မပြခဲ့ဘူး။

ငါ့ကိုယ်ငါ ခံယူချက်ကတော့ "ငါဟာ မာနကြီးသူ တစ်ယောက်မဟုတ်။
ငါဟာ လူမှုဆက်ဆံရေး အလွန်ညံ့ဖျင်းပြီး အတ္တကြီးသူ တစ်ယောက်သာဖြစ်တယ်" လို့ပါပဲ။
ငါသည် "ငါ" ဆိုသော စာလုံးတစ်လုံးထဲကိုသာ နားလည်သော အတ္တသမားတစ်ယောက်သာဖြစ်တယ်။
ငါ့ရဲ့ အတ္တကြီးမှုကို လူတော်တော်များများက မာနကြီးချင်းဖြစ်တယ် လို့အထင်လွဲ ခေါင်းဆင်တပ်ကြတယ်။
ငါ့မှာ "ငါ" ကလွဲလို့ ပြန်ပြောစရာ စကားလုံး မကြွယ်ဝဘူး။

ငါ့ကို အပိုစကားတွေ လာမပြောပါနဲ့။
ငါဟာ ငါအခင်ဆုံး၊ အတွယ်တာဆုံး "ငါ" နဲ့တောင်၊ မလိုရင် စကားအပို မပြောတတ်သူ။
ငါ သောက်သိပ်ဂရုမစိုက်တဲ့ မင်းတို့ပြောလာတဲ့ စကားပိုတွေကို စိတ်/ခေါင်းရှုပ်ခံ စဉ်းစားမနေနိုင်ဘူး။
ငါ့ အတ္တနဲ့ ငါ၊ ငါ့ ကမ္ဘာမှာ ပျော်မွေ့နေသူပါ။
ငါ့ အတွက် ငါ ဘယ်သူ့ကိုမှ မလိုအပ်(သေး)သလို၊ ငါ့ ကိုလဲ ဘယ်သူမှ မလိုအပ်ကြပါနဲ့ (ဦး)။

ငါဟာ အရပ်ပုသလောက် အလွန် စိတ်တိုတတ်တဲ့ မိန်းမတစ်ယောက်ပါ။
တခါတလေ ငါ တိတ်တဆိတ် ငြိမ်သက်နေမိပါတယ်။
ကောင်းသောငြိမ်သက်ခြင်း ဖြစ်နိုင်သလို၊ မကောင်းသောငြိမ်သက်ခြင်းလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အသေခြာဆုံးတခုကတော့ ငါ့ကိုယ်ငါ ခဏလေးအနားပေးလိုက်တာပါပဲ။

ငါ့မှာ လုပ်စရာတွေ အများကြီးရှိနေတယ်။
ငါအလုပ်များနေတဲ့အချိန်မှာ စကားအပိုတွေလာမပြောကြပါနဲ့၊
ငါ့နားထဲ တလုံးမှ ဝင်မှာမဟုတ်သလို၊ မင်းတို့လဲ အာညောင်းသက်သာအောင်လို့ပါ။

ခဏလောက် ငါ့ကိုလေ... တရားလာမဟောကြပါနဲ့ဦး။
အတ္တကြီးတဲ့ ငါ...
လောဘတွေး တွေး၊ ဒေါသတွေ မွေးပြီး၊ မောဟလဲ နဲနဲပွားလိုက်ပရစေဦး၊
အလွန်တိုတောင်းတဲ့ ကိလေသာ ကာမဘုံမှာ၊ ခဏလေး ငရဲယူ ပျော်မွေ့ပရစေ၊
ငါလုပ်ဖူးတယ်ရှိအောင် လုပ်လိုက်ကြည့်ချင်လို့ပါ။
ငါဟာ ဘုရားဖြစ်(ဆောက်)မယ့် အုတ်နီခဲ မဟုတ်သလို၊
ကျောင်းဆောက်၊ လမ်းဖောက်၊ နတ်ပြည်တက်ပြီး၊
သကြားမင်း မောင်ကြီး မာဃရဲ့ အမြှောင်မယားလဲ မလုပ်ချင်သေးဘူး။

အဲဒီလောက် မိုက်လုံးကြီးတဲ့ငါ့ကို၊ အပိုစကားတွေ လာမပြောပါနဲ့။
ငါ့ဒုက္ခနဲ့ငါ ခဏလေး လွှတ်ထားပေးလိုက်စမ်းပါ။
ငါ ဆင်ချင်ထုံတရား ရှိနေသေးသရွေ့တော့၊ ဒီ့ထက်မဆိုးအောင် ကြိုးစားနေမှာပါ။
ငါ့မှာ ဆပ်ရမယ့် ကျေးဇူးတွေ များလွန်းနေလို့၊ မင်းတို့ဆီမှာ ကျေးဇူးအကြွေး ထပ်မတင်ချင်တဲ့ ဆန္ဒသက်သက်ပါ။
တရားသဘော စိတ်မနောမှာ၊ မှတ်ယူမပြတ် နေ့စဉ်ကျက်ကြတဲ့ ကျေးဇူးရှင် လူကြီးမင်းများ၊
ဒီက အမိုက်မကို သဘောထားကြီးစွာ နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ခဏတော့ ငါ့ရဲ့ ခပ်စွာစွာ စကားလုံးတွေကို ဝှက်ပီး၊ ငါငြိမ်ငြိမ်လေး ငေးနေပရစေ။
အလွန်ညိမ့်ညောင်းတဲ့ တိတ်ဆိတ်ခြင်းသံစဉ်ကို ငါခံစားကြည့်နေချင်းသာဖြစ်ပါတယ်။

ဟန်နီ ရေ...

ပင်လယ်စာတွေကို ကျွန်မကအရမ်းကြိုက်တာ။ ငါး၊ ပုစွန်၊ ကဏန်း၊ ဂုန်း၊ စကွစ်ဒ်၊ အောက်တိုပတ်စ်၊ ဆီးဝီးဒ် ကျောက်ပွင့်သုပ် စသည်စသည် အကုန်ကြိုက်တယ်။ ကျွန်မ အမေက ဟင်းချက်လဲကောင်းတယ်၊ အစားလဲပုတ်တယ်၊ ထွတ်ကယ်ညှက်ကယ်လဲ အရမ်းလုပ်စားဖို့ဝါသနာပါတော့ ဟင်းမျိုးစုံ အမြဲစားရတယ်။ ဒီနေ့ ဈေးကနေ ကရုကမာ တွေဝယ်လာပီး ညနေစာချက်ထားတယ်။ အဲဒီ ဟင်းကို ကျွန်မအရမ်းကြိုက်တယ်။

အမေက ကျွန်မကြိုက်မှန်းသိလို့ ချက်အပီး လာမြည်းခိုင်းတယ်။ ကျွန်မကလဲ ကြိုက်တဲ့ ဟင်းအမြည်းခိုင်းရင် ဟင်းအိုးတဝက် အကုန်လောက်မြည်းတတ်တယ်။ အမေက မစုမြည်းတာတော်ပီ အမြဲ ဟန့်ရတယ်။ ဒီတခါလဲ ဟင်းအိုးနားက ရစ်သီရစ်သီနဲ့ မခွာနိုင်ဘူး။ အမေ အလှစ်မှာ ခိုးစားဖို့ လက်ကလဲ မြန်ပီးသား။ ၃ခါလောက် ခိုးစားပီတော့ အမေက အမြင်ကပ်လာပါလေရော။

မစု နင် ခိုးစားနေပြန်ပီ မိုလား။ နင်တော့ လွန်လွန်းပီနော်၊ နင့်ဝေစု ကုန်ပီ၊ ထမင်းစားရင် မရတော့ဘူး ဆိုတယ်။ ကျွန်မကလဲ မနေနိုင်ဘူး၊ တစ်ခုထဲပါဆိုပီး ထပ်နှိုက်စားတာပဲ။ နောက်ဆုံးတော့ အမေက ထအော်ပါလေရော။ နင်တော့သေတော့မယ်၊ လာခဲ့စမ်း နောက်တခါ လာစားလို့ကတော့၊ အဲဒီ ပြဲနေတဲ့ မျက်နှာကို ပိုပြားသွားအောင် ဖိနှောက်နဲ ပေါက်ပီသာမှတ် လို့ကြိမ်းတယ်။ ကျွန်မကလဲ နဲနဲ အချိုသွေးရတာပေါ့နော၊ အော် မေကြီးကလဲ သမီးတယောက်ထဲရှိတာ (မောင်နဲ့၊ ညီမနဲ့ကို စရင်းမသွင်းဘူး၊ မေ့ထားလိုက်)၊ ကျွေးလို့ရတုန်း ကျွေးစမ်းပါ၊ နောက် ကျွေးချင်ပါတယ်ဆိုမှ ကျွေးလို့မရတဲ့ အခါကျမှ ထိုင်မငိုမနေနဲနောလို့။ အမေကလဲ အမလေး ဝေးသေး၊ ဝေးသေး ဆိုပီး သူတပြန် ကိုယ်တပြန် ပြန်ပြောနေကျတာပေါ့ မီးဖိုချောင်မှာ။

အဲဒါနဲ့ အိမ်ရှေ့ထိုင်နေတဲ အဖေက ကြားဝင်လှမ်းပြောပေးပါလေရော။ အော် မိန်းမရယ်၊ သူစားချင်တာ ကြွေးလိုက်စမ်းပါ။ ငါတို့မှာ ဒီ ဟန်နီ သမီးတယောက်ပဲ ကျွေးဖို့ရှိတာ၊ ဟိုကောင် (အငယ်ကောင်) က အဲဒီဟင်း မကြိုက်ဘူး မိုလား။ ကဲကဲ ဟန်နီ ကို ကျွေးလိုက်။ အမေက ဘယ်က ဟန်နီလဲ လို့မေးရော၊ အဖေက - အော် သူများတွေမှာ သူတို့သားသမီးတွေကို ချစ်စနိုး နာမည်လှလှ တပ်ခေါ်ကြတယ်မိုလား၊ မစု ခေါ်တာထက်စာရင် ဟန်နီလို့ ခေါ်တာပိုမကောင်းဘူးလားလို့။

အမေက ခပ်ရိုးရိုး အတွန့်တက် တယ်။ အဖေ့ ဘယ့်နဲ့ ဟန်နီက ဟို ဦးဝှာ သမီးရဲ့ နာမည်လေ ဆိုပီး အဲဒီနာမည် သူများယူပီးကြောင်း အသိပေးတယ်။ အဖေက အိုး ဘာဖြစ်လဲ နာမည်တူ တွေအများကြီး ကိုယ့်သမီးကိုယ် ပေးချင်တဲ့ နာမယ်ပေးတာပေါ့ ဆိုတယ်။

ကျွန်မက စဉ်းစားတယ်၊ အင်း မဟုတ်သေးဘူး အဖေ ဒီလောက်အတင်းကြီး အင်စစ် နေရင် အကောင်းပြောတာ မဖြစ်နိုင်တော့ဘူး ဆိုပီး၊ မေကြီး သွားငြင်းမနေနဲ့ဦး ဘာပြောတာလဲမသိဘူး၊ တခုခုတော့တခုခုပဲလို့ အမေကို ပြန်စဉ်းစားဖို့ ဟန့်လိုက်တယ်။ အဲဒီတော့မှ အဖေက အော် နာမယ် လေးက အရမ်းလှ၊ လူနဲလဲ လိုက်မှလိုက် ပဲ။ သူကို ခေါ်ရင် ဟန်နီရေ......လို့သာခေါ်လိုက် ဆိုသတဲ့။ ကျွန်မကလဲ အဖေ ဘာရွဲ့ပြောနေလဲ ခေါင်းထဲမှာ အကြီးအကျယ်စဉ်းစားပါလေရော။

အတော်နေမှ အဖေက ရှင်းတယ်။ ဟန်နီနာမယ် က တော်တော်လှတာနော၊ အင်္ဂလိပ်လို အသံလေးကလဲကောင်း....ဗမာပြန် အဓိပ်ပါယ်လေးကလဲ ကောင်းနဲ....ကောင်းမှကောင်းပဲ ဆိုမှ၊ ကျွန်မခေါင်ထဲ တိန်ကနဲ မီးလင်းသွားတော့တယ်။

ပီးမှ ကောင်းကောင်းထိုင်ရီပါလေရော။ အမေက သဘောမပေါက်သေးပဲ ဘာလဲဘာလဲ လာမေးတယ်။ ကျွန်မကပြန်ရှင်းပြရတယ်၊ ဟန်နီ ကို မြန်မာလိုပြန်တော့ ပျားရည်လို့ ထွက်တယ်မို့လား။ ဟန်နီရေ........လို့ ခေါ်တော့၊ ပြားရေ......လို့ခေါ်တာနဲတူတူပဲပေါ့။

အဖေက ကျွန်မကို သက်သက်နှိပ်လိုက်တာ။ စောနက အမေက ကျွန်မ မျက်နှာ ပြဲပြဲ ကို ပို ပြားအောင် ဖိနှောက်နဲ ပေါက်မယ်လို့ ပြောတာကို အစကောက်ပီး နောက်လိုက်တာလို့ဆိုမှ အမေလဲသဘောပေါက်ပီး သူထောက်ခံကြောင်း၊ အဲဒီနာမယ်ကောင်းကြောင်း၊ ကျွန်မနဲ သင့်တော်ကြောင်း၊ အဖေနာမယ်ရွေးတော်ကြောင်း၊ သူလဲ ဒီနာမယ် စခေါ်မယ် ဖြစ်ကြောင်း စသည်စသည် သြောဘာ ပေးတယ်။

ကျွန်မလဲ ဘာပြန်ပြောရမှန်း မသိတော့တာနဲ့၊ ယူ ပီးပဲလ် ဒုန့် အင်ဆော့ မီ၊ လို့အော်ဟစ်ပီး၊ ဟင်း ထပ်ခိုးစားဖို့ အကြံပါ ဖြတ်ပီး အိမ်ထဲ ဝင်ပြေးရတယ်။ ကျွန်မ ရဲ့ မျက်နှာ ပြဲပြဲ၊ နှခေါင်း ပြားပြား၊ ခေါင်းခေါင်း ပြားပြား၊ ကိုယ်လုံး ပြားပြား အင်္ဂါကို အမြဲလာလာ ခလုတ်တိုက် တာခံရတယ်။ ဒီတခါ ခလုတ်တိုက်တာကိုတော့ တော်တော်စဉ်းစားယူလိုက်ရတယ်။

အဲဒီက စပီး ကျွန်မနားမှာ ဟန်နီ ခေါ်သံကြားမိတိုင်း၊ ခေါ်တဲ့လူကို မျက်စောင်း တချက် ကောင်းကောင်း အထိုးခံရပီသာမှတ်။

လက်ခုပ်တီးကြပါ

အမှတ် ၉၈၀ နဲ့ စာမေးပွဲ တစ်ခု ဒီနေ့ နေ့လည် ၃နာရီတွင် အောင်မြင်စွာ ဖြေဆိုပြီးသွားကြောင်း။
ဟီးဟီး ကြွားတာ။
စာမေးပွဲ ၃ ခုပြီးသွားပြီကွ၊ နောက်ထပ် ၂ ခုပဲလိုတော့တယ်။ ပြီးရင် ကောင်းကောင်းအိပ်မယ်။

အော် ဒါနဲ့ Little Mayvelous Things ကို http://mayvelous.myanmarbloggers.org လင့်နဲ့လဲ ဝင်လို့ရပါပြီ။ ဟိုနေ့က main site နဲ့ ဒီဘလော့ဂ်က template တွေလဲရင်း စိတ်ကူးရတာနဲ့ မမီဆီက subdomain request လိုက်တာ။ ကျွန်မရဲ့ mayvelous.com မှာ ဘယ်လို subdomain ကို configure လုပ်ရမှန်းမသိတာလဲပါတယ်။ ဘာပဲဖြစ်ဖြစ် myanmarbloggers.org ကောင်းမှုလေးနဲ့ ရလိုက်တဲ့ ဒီ subdomain အတွက် ကျေးဇူး တင်ကြောင်းပါ။
သာဓု၊ သာဓု။ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ။ ဟီး။

News

ဒီနေ့မှစ နှစ်၁၀၀ တိုင်၊ ဒီဘလော့ဂ်သည် မြန်မာ ဘလောဂ်အဖြစ် တည်လတံ့။ ။

Ketchup Week

Enjoy Ketching Up Yall.

ketchup week

Things for me to ketchup: CLEAN MY ROOM!

Via: BrainFuel

Switched to New Blogger

Ok, so this blog has been switched to new version successfully. All the layout and posts still attached to it. So not bad. I haven't touch on this blog for ages. I'll do something about it later. May be turn this into Burmese language blog... I guess that's for my next year plan. To practice on my Burmese writing and typing. Cya.

Theme "Little-May" Release

I'm glad to announce the release of my very first theme "Little-May". You can choose it from two different versions : Pink and Grey. Due to a number of complaints from reviewers, I have added grey version to suit male users.

Little Mayvelous Things Regesign 27Dec05littlemay-grey Theme

These themes are released under creative common license share alike. You can use in any non commercial sites. Please link back to me or give proper credit for your usage.

Downloads:

Little-May (Pink) Little-May (Grey)
Download Little-May Pink Download Little-May Grey

Instructions:

  1. Unzip the content of the downloaded zip file and read the “Readme.txt” file,
  2. Login to your Blogger account and go to “Template” tab,
  3. Copy and backup your current template contents to some text file,
  4. Open “Little-May.txt” and copy the contents to blogger “Template”area.
  5. Click “Save Template Changes” button then “Publish” to update your blog with “Little-May” theme.

Thank you.

Edited: # Adding Linking to the template

Technorati Tags: , , , , ,

Creative Commons License This work is licensed under a Creative Commons Attribution-NonCommercial-ShareAlike 2.5 License.

Good Stuffs

Free Blogger Templates

These themes are released under creative common license share alike. You can use in any non commercial sites. Please link back to me or give proper credit for your usage. Thank you.

Little Mayvelous Things Regesign 27Dec05 Little-May (Pink)
littlemay-grey Theme Little-May (Grey)

Creative Commons License This work is licensed under a Creative Commons Attribution-NonCommercial-ShareAlike 2.5 License.