Showing posts with label Blogging. Show all posts
Showing posts with label Blogging. Show all posts

လက်ရှိ ခါးသည်းချက်များ

ခုတလော ဘလော့လုပ်ဖို့ လုံးဝစိတ်မဝင်စားနှိုင်ဘူးဖြစ်နေတယ်။ ပရောဂျက် ၃ခုတပြိုင်ထဲကိုင်နေရတယ်။ ဟိုတယောက်ကလဲ သူ့ပရောဂျက်ကို ဦးစားပေးလုပ်စေချင်၊ ဒီတယောက်ကလဲ သူ့ပရောဂျက်ကို ဦးစားပေးလုပ်စေချင်နဲ့ လုပ်ရတဲ့လူမှာ ချာချာကိုလည်နေတာပဲ။ ဒီကြားထဲ တခြားတယောက်ကိုင်နေကြ မိန်တန်နန့်စ် စပို့ ကလဲ လုပ်ပေးရသေးတယ်။ အဲဒီ ဒဗလော့ပါ ကဟိုတလောက အလုပ်ကထွက်သွားတော့ သူလုပ်နေကျဟာတွေပါ ကိုယ့်စီရောက်လာတယ်။ လူသစ်တစ်ယောက်တော့ ခေါ်ထားပါရဲ့ တခုမှ မတတ်သလောက်ရှိတဲ့ လူဖြစ်နေတော့ သူ့ကိုခိုင်းရင် ရှင်းပြရတာနဲတင် အချိန်သိပ်ကုန်တယ်။ ကိုယ်တိုင်လုပ်တာက ပိုမြန်ပါသေးတယ်ဆိုပီး ဟိုဟာလဲ ကိုယ့်ဟာကိုယ်လုပ်၊ ဒီဟာလဲ ကိုယ့်ဟာကိုယ်လုပ်နဲ့ လူလဲရူးချင်ချင်ဖြစ်လာတယ်။ ဒီကြားထဲ ပရောဂျက်မန်နေဂျာဆိုတဲ့ ဂတုန်း၊ မုတ်ဆိတ်မွေးထူလဗြစ်နဲ့ ခွားမသေးက လာလာပီး ဒီမန်းလုပ်ချင်သေးတယ်။ ရှိသမျှမုတ်ဆိတ်မွေးတွေ ဆောင့်ဆွဲပီး ဘယ်ပြန်၊ ညာပြန်၊ ငါတယ် လုပ်လိုက်ရ ကောင်းတော့မယ်။ အလုပ်တွေရှုပ်လို့ စိတ်တိုနေတာ တော်တော်ကြာပီ။ စိတ်တိုတုန်း စကာမပြောတာပဲကောင်းတယ်။ တော်ရာလူကော၊ မတော်ရာလူကော ကိုပါ ဘုဂွစာ တွေပဲ ပြန်ပြောမိမှာ။

အလုပ်များပါတယ်ဆိုမှ သူများ လုပ်ရမဲ့ ပို့စ်ဂရက် အဆိုင်းမန့်ကိုပါ လိုက်လုပ်ပေးနေရသေးတယ်။ ကျွန်မ အခုလုပ်နေတဲ့ ပရေဂျက်တစ်ခုရဲ့ ကာ့စတန်မာ မှာသူတို့ရဲ့ အိုင်တီမန်နေဂျာ နဲ့ နောက်ကောင်မလေးတစ်ယောက်က ပို့စ်ဂရက် တက်နေတာ၊ သူတို့ အဆိုင်းမန့်မှာ ကျွန်မလုပ်တဲ့ ပရိုဂရမ်ကို ယူသုံးမလို့တဲ့။ ယူချင်ယူပေါ့၊ နင်တို့အတွက်လုပ်ပေးတာ၊ နင်တို့ဟာနင်တို့ သုံးချင်သလိုသာသုံးပေါ့၊ ငါနဲ့မှ မဆိုင်တာ။ ခုတော့ သူတို့အတွက် ဒီတေး ဒေါ့ကျူမန်တေးရှင်းပါ ရေးပေးနေရတယ်။ နင်တို့ အဆိုင်းမန့်က နင်တို့လုပ်တာလား၊ ငါလုပ်တာလား ပြောရမလိုဖြစ်နေပီ။

အဲဒီ အိုင်တီမန်နေဂျာ ဆိုတဲ့ ခွားမသေး ကုလားက ကျွန်မနဲ ကျောင်းနေဖက်၊ တစ်ခန်းတဲ တစ်တန်းတည်းက။ အမြဲတမ်း လိုက်လိုက်ပီး ပြိုင်နေတာ။ သူတစ်ခါဘူးမှ မနိုင်ဖူးဘူး။ သူက တက်ကနစ်ကယ် ဒရောရင်း ယူတယ်။ ကျွန်မက ပျုးဝါး ဆိုင်းရန့်၊ ဘိုင်အို၊ ကမ် နဲ့ ဖစ်စစ် ယူတယ်။ စာမေးပွဲတိုင်း သူက ကျွန်မထက် တစ်ဆင့်နိမ့်တယ်။ နောက်ဆုံး ဆုပေးပွဲမှာ ကျွန်မကိုလာပီး ဒီကလဲယားလုပ်သွားသေးတယ်။ မေ နင့်ကို သတ်ပြစ်ချင်တယ်၊ အရမ်းမုန်းတယ် တဲ့။ ယောက်ကျားကြီးတန်မဲ့ ဘေးနားက တပြစ်တောက်တောက် သူကျွန်မကို ဘယ်လောက် အမြင်ကပ်ကြောင်း လာလာပြောနေတာ လုံးဝမမေ့ဘူး။ ကျွန်မကတော့ ခပ်တည်တည်ပါပဲ။ သူ့ဟာသူ အသုံးမကျလို့ အင်္ဂလိပ်စာ နှစ်လုံးကွဲအောင် မပြောတတ်တဲ့ ကျွန်မကို မနိုင်တာ၊ ကိုယ့်ဟာကိုယ် သတ်သေဖို့ကောင်းတယ်။ အဲဒီတုန်းက ကျွန်မတို့ရောက်စဆိုတော့ အင်္ဂလိပ်စာ ကိုအရမ်းလိုက်ရတာ။ ကျွန်မ အရေးက ရတယ်၊ နားလည်အောင် ဝေ့ဝိုက်ပီး ရှင်တတ်တယ်၊ အပြောက မရဘူး။ ဟိုထစ် ဒီငေါ့ပဲ။ အဲလိုလူမျိုးကို သူမနိုင်တာ၊ သူအသုံးမကျလို့ဆိုတာ ရှင်းနေတာပဲ။ ထားပါတော့ သူ့က ကျွန်မကို သတ်ပြစ်ချင်လောက်အောင်မုန်းတယ့် လူတစ်ယောက်လို့တော့ အမြဲမှတ်မိနေပါတယ်။

ခု အလုပ်ခွင်မှာ ပြန်တွေ့ရတော့ သူက ကုမ်ပနီတစ်ခုရဲ့ အိုင်တီမန်နေဂျာ။ ကျွန်မက အခုလောလောဆယ် သူ့အဆိုင်းမန့်ကို ရေးပေးနေရတဲ့ အညတရ ပရိုဂန်မာ။ အိုင်တီမန်နေဂျာဆိုတိုင်းလဲ ကျွန်မက အထင်မကြီးပါဘူး။ သူ့ဟာသူ ဘာကြီး ညာကြီး ဆရာဝန်ကြီး၊ အရာရှိကြီး၊ ဘာကြီးဖြစ်ဖြစ် ကျွန်မဂရုမစိုက်တတ်ဘူး။ လူတစ်ယောက်ကို လေးစားတန်ရင် လေးစားမယ်။ အထင်ကြီးတန်ရင် အထင်ကြီးမယ်။ သူ့ဂုဏ်တွေ ဗျက်တွေနဲ့ မဆိုင်ဘူး၊ ထောက်နေစရာမလိုဘူး။ သူတောင်းစားဖြစ်နေလဲ လေးစားတန်ရင် လေးစားမှာပဲ။ ဆရာဝန်ကြီး၊ အရာရှိကြီး၊ ဖြစ်နေလဲ တစ်စက်ကလေးမှ အထင်မကြီးချင် မကြီးဘူးပဲ။ သူ့ အက်ရှင် အပေါ်မူတည်ပီး ဒီလူဘယ်လိုလူစားမျိုးလဲ ကိုယ်ဥာဏ်ရှိသလောက် စဉ်းစားစင့်ချိန်နိုင်တာပဲနော။

နောက်တခုက တခါတလေ ဘယ်လောက်ကြိုးစားကြိုးစား သူ့ကံနဲ့သူလာတာပါပဲ။ အချိတ်အဆက် ကောင်းကောင်းတစ်ခုရှိရင်ပီးတာပါပဲ။ တကယ်ကြိုးစားပီး အောင်မြင်နေတဲ့လူတွေရှိသလို၊ အရည်အချင်းမရှိ၊ သောက်သုံးမကျပဲ ဘော့စ်တက်ဖြစ်နေတဲ့ လူတွေလဲအများကြီးပါပဲ။ အင်း...အရည်အချင်းမရှိလို့တော့ ပြောလို့မရဘူးပေါ့လေ။ သူလဲ သူနေရာသူရောက်ဖို့၊ အတန်အတင့်တော့ ကြိုးစားလာရမှာပါပဲ။ ထားပါတော့၊ ခု ခံပြင်းတာက သောက်ကုလားက ကျေးဇူးတင် စကားတစ်ခွန်းတောင် မပြောဘူး။ တကယ်ဆို ဒါတွေကျွန်မလုပ်ပေးနေစရာမလိုဘူး။ ကျွန်မ ပရိုဂရမ်ပြီးရင်ပြီးပြီပဲ။ ယူစာ မန်နယူရယ်လောက်ပဲ ရေးပေးဖို့လိုတာ။ ခုဟာက တမင် အကြောကြီးနဲ့ လာနှိပ်ဆက်နေတာ။ သူတို့ကုမ်ပနီက နောက်ထပ် ပရောဂျက်တွေ ရနိုင်ဖို့ရှိတယ်၊ သူတို့ကျေနပ်အောင် မျက်နှာလှလှထားရမယ်ဆိုလို့သာ လုပ်စရာရှိတာကို ပြောစရာမရှိ သေသေချာချာလုပ်ပေးလိုက်ပါတယ်။ ကိုယ်လုပ်တာကို လူအထင်သေးမခံရအောင်၊ ငါလုပ်တာအကောင်းဆုံးဖြစ်ရမယ် ဆိုတဲ့ မာနလေးကလဲရှိနေတော့ ကိုယ်ပဲပိုပင်ပန်းခံပီးလုပ်ပေးလိုက်ပါတယ်။ ရင်ထဲမှာတော့ အတော်ခါးသားပဲ။

အင်း ဘလော့ဂ်မရေးတာ ကြာပီနောလို့ သူငယ်ချင်းတချို့ လာလာမေးလို့ ဒီမနက် အလုပ်နဲနဲပါးနေတုန်း စိတ်ထဲရှိရာလေးတွေ ချရေးလိုက်ပါတယ်။ ရင်ထဲက အခါးတွေကို ရှယ်ယာလိုက်လို့ နဲနဲပေါ့သွားသလိုပဲ။ ကဲကဲ ခုတော့ ဒီလောက်ပဲ၊ အလုပ်ကလေးတွေ ပြန်လုပ်လိုက်ဦးမယ်။ သင့်အတွက် ကောင်းသောနေ့ဖြစ်ပါစေရှင်။

သောကြာနေ့ အတွေးများ

အော် သောကြာနေ့တောင် ပြန်ရောက်လာပြန်ပြီ။ ဒီအပတ် ဟိုလုပ်ဒီလုပ်နဲ့ အချိန်ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။

ဒီအပတ် ရုံးကို အချိန်မှီ ရောက်နေတယ်။ ပုံမှန်ဆိုရင် ၉:၃၀ လောက်မှ ရောက်နေကြ။ ရုံးက ၈:၀၀ - ၅:၀၀။ ကိုယ်တက်နေကြက ၉:၃၀ - ၆:၀၀. ဒါကြောင့် ဒီအပတ် ထူးထူးရှားရှား စောရောက်တာကို စာကြီးပေကြီးဖွဲ့နေတာ။ ကိုယ့်ကို ကိုယ်တောင် တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး အပြတ် ချီးမွှန်း ပစ်လိုက်သေးတယ်။

ပြောလို့သာပြောတာ။ ကိုယ်ဟာကိုယ် ဘယ်တော့မှ အိပ်ရာက မထဘူး။ မနက်တိုင်း အဖေက အိပ်ခန်းဝကနေ ၆:၃၀ လောက်ဆို လာလာအော်တယ်။ ခပ်တည်တည်ပဲ တုတ်တုတ်တောင် မလုပ်ဘူး။ ၇:၀၀ လောက်ကြတော့ mb alerm က ထမြည်တယ်။ နားညီးလို့ ပြန်ပိတ်လိုက်တယ်။ ၈:၀၀ လောက်ကြတော့ မောင် အငယ်ကောင်က နား နားကပ်ပြီး ငှက်ဆိုးထိုးသံနဲ့ "မစု ထတော့။ ၈နာရီ ထိုးပြီ။ နင် ဖေကြီးနဲ့လိုက်မှာလား taxi နဲ့သွားမှာလား" ဆိုပြီးအော်ပါလေရော။ ၁ချက် ၂ချက် အော်ရင် မမှုသေးဘူး။ သူက တခါတလေ ခြေထောက်နဲ့ကန်တယ်၊ ကန်လို့မရရင် ခြေထောက်ကကိုင်ပြီး ကတင်ပေါ်က ဆွဲချတယ်။ ကျွန်မ အမုန်းဆုံးက ကျွန်မ ကတင်ပေါ် သူ့ ဖိနပ်ကြီးနဲ့ တက်ပြီး ထထခုန်ခြင်းပဲ။ အဲလိုလုပ်လို့ကတော့ ငေါက်ခနဲ ထပြီး ရန်ထဖြစ်ပါလေရော။ အင်း အိပ်ချင်စိတ်လဲ အဲဒီမှတင်ပဲ ကြက်ပျောက် ငှက်ပျောက်ပေါ့။ ကျွန်မက ဘယ်သူမှ ကျွန်မ ကတင်ပေါ်တက်တာ မကြိုက်ဘူး။ အိပ်ရာခင်း တွန့်သွားမှာကို အလွန်မုန်းတယ်။ ကျွန်မ အိပ်ရင်လဲ အိပ်ရာခင်း မတွန့်အောင် တတ်နိုင်သမျှ ငြိမ်ငြိမ် အိပ်တတ်တယ်။ အဲဒီတော့ ကတင်ပေါ် တက်တက်ခုန်တတ်တဲ့ သူနဲ့ ကျွန်မနဲ့က အကြီးမားဆုံး ရန်သူတော်တွေပဲ။ ဘာပဲဖြစ်ဖြစ် ဒီအပတ် mb alerm သံကြားကတည်းက အိပ်ရာထဖြစ်ပြီး၊ အဖေ့ကားအမှီ လိုက်ဖြစ်တော့ ရုံးချိန်မှီနေတာပေါ့။

ထားပါတော့၊ စာလုံးတစ်လုံး တစ်မိနစ်နှုန်းနဲ့ type နေတာ။ Tea တောင် အေးသွားပြီ။ Google Reader ပေါ် မျက်စိခဏကစားလိုက်ပီး blog နဲနဲပေါ် ဟို hop ဒီ hop လုပ်လိုက်ရင်း အတွေးလေးတွေပေါ်လာပြီး အတွန့်တက်ချင်စိတ်လေးတွေပေါက်လာတယ်။ အင်း ရောဂါ၊ ရောဂါ။

blog တော်တော်များများမှာ gravatar enabled comment system ရှိကြတယ်။ blogger တော်တော်များများက အဲဒီ system ကို နှစ်သက် အသုံးပြုကြပါတယ်။ ကိုယ့် ပို့စ်ရဲ့ comment လေးတွေမှာ အရောင်အသွေးစုံ လေးထောင့်ပုံလေးတွေမြင်ရတော့ ပိုမျက်စိ ပဒါရသင့်တာပေါ့နော်။ ဒါပေမဲ့ တချို့တွေက regular blogger/commenter တွေဖြစ်သော်ငြားလည်း gravatar လေးတစ်ခုလုပ်ဖို့ကို အလွန်ဝန်လေးကြတယ်။ အော်ကျွန်မ သိပ်မုန်းတာပဲ။ ဘယ်လောက်မှ ကြာတဲ့ဟာမဟုတ်ဘူး။ ကျွန်မ gravatar ဆိုတခါလုပ်ပြီးတတည်းက နှစ်ပေါက်သုံးလာတာ။ ဘာမှကို maintenance တို့ password expire မဖြစ်ခင် ပြန်ဝင်ပါ လို့ စတဲ့ annoyance တွေမရှိဘူး။ ပြီးတော့ သူက photo host ဖို့လဲ မပူရဘူး။ ဒီလောက် convenient ဖြစ်ပြီး အလွန်အသုံးဝင် ချစ်ဖို့ကောင်းတဲ့ service လေးကို နော်၊ တစ်ချို့က ignore ထားကြတယ်။ ဝမ်းနည်းလိုက်တာ။ ကဲ အားတဲ့အခါ Gravatar account လေးတစ်ခုလောက်တော့ လုပ်ထားပါလား ရှင်ရယ်။ ရှင့် gravatar လေးကြောင့် ချစ်သူ၊ ခင်သူ၊ သတ်ချင်သူ တွေပိုပေါ်များလာပါလေ့မယ်။ စမ်းကြည့်လိုက်ပေါ့။

နောက်တစ်ခု တွေးမိတာက Multi-Blogs ရှိတဲ့သူတွေ (ကျွန်မလဲပါတယ်)၊ Blog domain/Hosting မကြာခဏ ပြောင်းရတယ့်သူတွေ Feedburner လေးကို အသုံးပြု သင့်တယ် ထင်တယ်။ အဲဒါလေး အသုံးပြုသောအားဖြင့် Blogger and Reader နှစ်ဦးနှစ်ဖက်အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ Feed Reader တွေအတွက် အလွန် convenient ဖြစ်ပြီး ကိုယ့် Blog ကို ဘယ်နှစ်ယောက် subscribe လုပ်တယ်ဆိုတာကို တော်တော်လေး နီးစပ်မှန်ကန်အောင် ခန့်မှန်းလို့ရပါတယ်။ ကျွန်မတောင် ၂ခုလုပ်ထားသေးတယ်။ လင့်ကို အရင် theme အဟောင်းတုန်းကတင်ထားတာ၊ ဒီအသစ်မှာ မတင်ရသေးဘူး။ မေ့သွားလို့ ခုမှကိုယ်ဟာကိုယ်ပြန်သတိရတယ်။

အဲလို feed ကို centralize သောအားဖြင့် Blogger ဟာသူ့ Blog အသစ်ပြောင်းတိုင်း Reader တွေကို Feed အသစ် subscribe လုပ်ခိုင်းစရာမလိုတော့ဘူး။ Feedburner control panel ထဲမှာ new feed ကို ထည့်လိုက်ရုံပဲ။ ဆိုကြပါဆို့ ကျွန်မအရင် mayvelous.blogspot.com က .atom.xml အနေနဲ့ feed ထွက်တယ်။ နောက် blogger.com အသစ်ပြောင်းတော့ rss feed ပုံစံသစ်၊ လင့်အသစ်နဲ့ ထွက်ပြန်ရော။ နှစ်မျိုးစလုံးကလဲ အလုပ်လုပ်တယ်။ subscriber တွေကလဲ သူတို့ကြိုက်ရာရွေး subscribe တယ်။ အားလုံးကောင်းပါတယ်။ ဒါပေမယ့် tracking ကြတော့ဒုက္ခရောက်ရော။ ဘယ် feed မှာ ဘယ်နှစ် subscription ရှိမှန်းမသိတော့ဘူး။ ပိုဆိုးတာက တကယ်လို့ ကျွန်မ blog domain ပြောင်းမယ်ဆိုပါတော့၊ feed link ကအဲဒီ domain အသစ်အတ်ုင်း ပြောင်းသွားပြန်ရော။ Redirecting domain ဆိုရင် သိပ်ကိစ္စမရှိဘူး၊ အရင် link အဟောင်းနဲ့လဲ အလုပ်ဖြစ်နေနိုင်သေးတယ်။ ဒါပေမယ့် redirect တာတင်မဟုတ်ပဲ host change တာတို့၊ blog platform change တာတို့ဆိုရင် အရင် feed link အဟောင်းနဲ့ အလုပ်မလုပ်တော့ဘူး။ အဲဒီကြမှ readers တွေကို feed link subscription change ခိုင်းရင် အသာလေး half of the readers will gone missing. တချိုက အားကြီးအပြင်းထူကြတာ ကျွန်မအပါမဝင်ပါပဲ။ တော်ရုံတန်ရုံ အလုပ်ရှုပ်ရမယ့် ကိစ္စဆို ဘယ်လောက်ပဲလွယ်ပစေ၊ မလုပ်ချင်ကျဘူး။ တကယ်လို့ centralize feed ရှိမယ်ဆိုရင်၊ ကိုယ့် feed link ဘယ်လောက်ပြောင်းသွားပစေ။ subscriber တွေတောင် မသိစေရဘူး၊ သူတို့တွေလဲ အလုပ်မရှုပ်တော့ဘူး၊ tracking အတွက်လဲပိုလွယ်ကူသွားတာပေါ့နော်။ အဲဒီတော့...ပြောချင်တာက (ဟူးမောလိုက်တာ လေရှည်နေတာ၊ လိုရင်းမရောက်တော့ဘူး) ... try to centralize your feed by burning your feeds in a feedburner account. There you go, that's what I wanna say. Geez!

ကျန်သေးတယ်၊ နောက်တစ်ခု ထပ်ရှည်လိုက်ဦးမယ်။ Multiple-blogs ပိုင်သူတွေဟာ Feed ၃ ၄ ခုကို combine ချင်ရင် ဒီကောင်လေးကို သုံးကြည့်ပါ။ ပြီးရင် feedburner ထဲထည့် burn ပါ။ Ok မှာ စိုပြေစေရမယ်။

တော်ပြီ type ရတာပြင်းလာပြီ၊ အတွေးတွေက ရှိသေးတယ် နောက်မှဆက်တော့မယ်။ ဒီကနေ့အတွက် အက်တစ်ဖ် ဘာ့ဂ် ၄၄ ကောင် ထုထောင်းစရာရှိသေးတယ်။ အလုပ်ဆက်လုပ်လိုက်ဦးမယ်။

ဒီပို့စ်ကို လဖ္ကရည် တစ်ခွက် အတွေး လို့ ခေါင်းစဉ်တတ်မလို့၊ လက်ဖက်ရည် ကိုဘယ်လို ပေါင်းရမှန်း မေ့သွားတာနဲ့၊ အဟီး။

Enjoy your Friday and have a good weekend. (အဲတာကို မြန်မာလို ဘယ်လိုပြောလဲ)