Showing posts with label conversations. Show all posts
Showing posts with label conversations. Show all posts

ကျန်းခန့်သာလို့ မာပါစရှင်...မရေးတာကြာလို့ ရေးလိုက်ပါဦးမလားလို့...

ဒီမှာ ခုလေးတင် ကျွန်မတို့ ညစာစားပီးပါတယ်။ စားပီးတိုင်း လုပ်နေကြ ရန်စချင်းအလုပ်ကို ကျွန်မမောင်က စတင်လိုက်ပါတယ်။

"မစု ဝါ့ခ်ျ မိုင် ဒစ်ချက်စ်၊" အသံပြက်နဲ့ မထီမဲ့မြင် ခပ်ထန်ထန်ပြောပြီး သူ့ ပန်းကန်ကိုကျွန်မစေးနေတဲ့ဘေးမှာ လာပြစ်တင်လိုက်တယ်။

ကျွန်မကလဲ ပြန်ပြောနေကျ "နိုး၊ အိုင် ဒုံ့ လိုက်ခ် ယူ" ဆိုပီး ခပ်ထန်ထန်ပြန်ပြောလိုက်တယ်။ သူကလဲ အားကျမခံ "ယူ ဒုံ့ နိ တူ လိုက်ခ် မီ၊ ဂျက်စ် ဝါ့ခ်ျ မိုင် ဒစ်ချက်စ်" ဆိုပီး ပြန်ပက်ပါရော။ ကျွန်မက "ဒိုင်း ယူ အိဒိယက်" လို့ပြန်ကောလိုက်တာကို သူက နင့်ကိုနားမထောင်နေဘူး၊ ငါမကြားဘူး၊ လုံးဝဂရုမစိုက်ဘူးဆိုတဲ့ စတိုင်မျိုးနဲ့ "ဖခ်ျရှီးးး(ရှူးး)" ဆိုပီး သံတွေးဆင်အောင် မှုတ်သွားပါတယ်။

ကျွန်မကလဲ အောင်မာဘယ်ရမလဲပေါ့ ဒါမျိုးငါ့ကို လာကြောလို့ရစတမ်းလားဆိုပီး သူ့ရဲ့ "ဖခ်ျရှီးးး(ရှူးး)" လေမှုတ်သံကို ဗမာငပိသံဖမ်းပီး "ဘွတ်၊ ချွတ်၊ ဒိုင်း။ ဒိုင်း ယူ စတုပစ်" ဆိုပီး အပြန်အလှန် ရန်တွေ့ပြစ်လိုက်တာပေါ့။

အင်း...ပန်းကန်စေးရင်း သူတပြန် ကိုယ်တပြန် လေကုန်ခံ ရန်ဖြစ်တမ်း ကစားပြီးသကာလ ခဏအကြာတော့...ကျွန်မခေါင်းထဲ...
အက်ဒီဆင် လျှက်စစ်မီး တီထွင်လို့ ရသွားသလို "တွင်င်ငင်ငင်" ဆိုပီး မီးလုံးလေးပွင့်၊
အာခီမီဒီး ကိုယ်လုံးတီးနဲ့ ရေချိုးကန်ထဲကထ "ယူရစ်ကာ" လို့ထအော်သလို၊ တယ်တော်တဲ့ငါလဟဲ့ ခုမှပဲသဘောက်ပေါ သဘောပေါက်တော့တယ်ဆိုပီး၊ ကလေးဘဝဆိုခဲ့တဲ့ အီးဘွတ်တရာဟောတမ်း အကြောင်းကို ပြန်ပြောင်းအောင့်မေ့ပီး၊ အငယ်ကောင်ကို ရှင်းလင်းတမ်းထုတ်လိုက်ပါတော့သည်။

"အိုး အိုး ယူနိုး၊ အိုင် ဂျက်စ် ရီရရ်လိုက်ဇ် ဟောင်း စမါ့ တဲ ကစ်ဒ် အာ" ဗမာကလေးငယ်တွေ ဘယ်လောက်တော်ကြောင်း၊ နိုင်ငံခြားရေးရာ ဗဟုသုတ အလွန်ရှိကြောင်း၊ အတွေး အခေါ် အလွန်ပြောင်မြောက်ကြောင်း ချီးမွမ်းခမ်း ထုတ်လိုက်တာပေါ့။

ဒီလိုလေ...
ကျွန်မတို့ ကလေးတုန်းက လက်ညှိုးထိုးကဗျာဆိုခဲ့ပါရောလား... "အီး အီး ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော အီးဘွတ်တရာဟော။ ဟောလို့မသေ သံပရာရည်၊ ဘွတ်၊ ချွတ်၊ ဒိုင်း" ဒိုင်းလို့ လက်ညှိုးအထိုးခံရသူကို အီးပေါက်တဲ့လူဆိုပီး တရားစီရင်ကြပါရောလား။ (ခုခေတ်ကလေးတွေ အီးပေါက်ကောင်ဘယ်လိုဖော်သလဲမသိပါ)

ခုပြန်စဉ်းစားကြည့်မှ ဒီကဗျာရေးတဲ့သူဟာ ဘယ်လောက်တော်ကြောင်း သဘောပေါက်မိတော့တယ်။ သူဟာ နိုင်ငံခြားရေးရာ အမြင် အလွန်ရှေ့သွားတဲ့သူပဲ။ အကြားအမြင်လဲ နဲနဲပေါက်နေပုံရတယ်။ အင်္ဂလိပ် စကားလဲ အတော်အတန် တတ်ပုံပဲ။ ကြည့်ပါလား ဟိုတနေ့တုန်းကတင် အမေရိကန် သမ်မတဟောင်းဖြစ်သွားတဲ့ မစ်စတာ ဘွတ်ခ်ျ ကို မေတ်တာပို့ထားတာ။ အတော်စိတ်ကြီးတာပါ သူက ကဗျာထဲမှာ မက်ဆေ့ခ်ျ ထည့်ပီး ရေးထားတာ၊ "ဘွတ်ခ်ျ ရွှတ် ဒိုင်း" တဲ့။ မစ်စတာ ဘွတ်ခ်ျ သေသင့်ကြောင်း ကလေးတွေရဲ့ အီးပေါက်တရားဟောစာတမ်းထဲထည့်ပီး သူ့ကို ဘယ်လောက်ကြည်ညိုကြောင်း မေတ်တာ ပို့လိုက်တာပဲနော်။

အင်း အင်း...ဒါနဲ့တင် မပီးဘူး...ကျွန်မရဲ့ အနေနိုင် မထိုင်နိုင် အကျင့်လေးအရ ဒါလေးတွေ ဆက်တွေးမိပါရောလား။ (သည်းခံကြပါ၊ အရူး အတွေးကြောက နဲနဲရှည်တယ်)

ကျွန်မအဲ့ဒီကဗျာကိုဆိုခဲ့တုန်းက ၆နှစ်၊ ၈နှစ်၊ နှပ်ချီးတွဲလောင်းအရွယ်ပေါ့။ (မှတ်ချက်။ ကျွန်မနှပ်ချီး မတွဲလောင်းခဲ့ပါ။ ကလော်ပဲ ကလော်ခဲ့ပါသည်။ "ဖစ်ဂါ အော့ဖ် စပိခ်ျ" မျှသာဖြစ်ပါသည်) အဲဒီတုန်းက မှတ်မိသလောက်ဆို ၄၂ ယောက်မြောက် သမ်မတ ဘေး ကလင်တန် ပေါ့။ ၄၃ ယောက်မြောက် ဘွတ်ခ်ျ ကဘယ်နေမှန်း မသိသေးဘူး၊ ကဗျာကလဲ ပေါ်တာအတော်ကြာနေပီဖြစ်ပုံရတယ်...ဆိုတော့...

သေသေချာချာ သုံးသပ်ကြည့်တော့ ဒီ ဘွတ်ခ်ျကို ပြောတာမဖြစ်နိုင်ဘူး။ အခု ဘွတ်ခ်ျရဲ့ ခမည်းတော် ဘဘကြီး ဘွတ်ခ်ျ၊ ၄၁ ယောက်မြောက် သမ်မတ၊ အတွက်ဆပ်ထားတာ ပိုဖြစ်နိုင်တယ်။ အဖေရော၊ သားရော ကံဆပ်ကြတယ်ထင်တယ်၊ သူတို့ သမ်မတ သက်တမ်းမှာ စစ်ဖြစ်ရတယ် ဆိုတော့ သူတို့ကို အလိုတူတဲ့လူတွေရှိသလို၊ စောဏက အီးဘွတ်တရား ကဗျာဆရာလို အမြင်ကပ်တဲ့လူတွေလဲ ရှိမှာပေါ့နော။ အင်း ထားပါတော့ ဘယ် ဘွတ်ခ်ျပဲဖြစ်ဖြစ် ကဗျာလေးက နှစ်ယောက်စလုံးနဲ့ အလွန်းတင့်သွားတာပဲဆိုပီး ချီးကျူးရင်း ကျွန်မအတွေး အမျှင်တမ်းကို အဆုံးသပ်လိုက်ပါတော့သည်။

စာကြွင်း။
ဒါလေးကတော့ ဒီပိုစ့်ကိုရေးနေတုန်း ကျွန်မမှတ်သားလိုက်ရတယ် စာတိုစာစလေးပါ။

ကျွန်မ။ ဟေး ဟေး ဖိုးသား "ဖစ်ဂါ အော့ဖ် စပိခ်ျ" ကို မြန်မာလို ဘာခေါ်လဲ။
(...)

မေကြီး။ ခိုင်းနှိုင်းတာလား
ကျွန်မ။ ခိုင်းနှိုင်းတာ?...အင်း နီးစပ်တယ်...ဒါပေမယ့် တမျိုးပဲ နောက်ထပ် အသုံးအနှုံးမရှိဘူးလား...ဟင် ဖေကြီး?

ဖေကြီး။ ရူပကလင်္ကာ
ကျွန်မ။ ဟမ်...ဘာကြီး?

ဖေကြီး။ ရူပကလင်္ကာခေါ်တယ်၊ သတန်ဆင်တဲ့ဟာကိုပြောတာ။
ဦးပုံညရဲ့ ရေသည်ပြဇာတ်ရှင်းတမ်းထဲမှာ ပြောသလို...
ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊
ခါးဆီးဝတ်လဲ၊ ချုပ်စပြဲကို၊
တဲအပ်နှင့်တွယ်၊
မြင်မြင်သမျှ စိတ်ပျက်အောင် လှပါတဲ့...
အဲဒီမှာ ဆံထုံးတော်ကြီး တမာသီး က ဖစ်ဂါအော့ဖ် စပိခ်ျ၊ သမားသီးသတန်ရှိတဲ့ ဆံတုံး လို့ပြောတာ။
"ကဲ့သို့" လို့စကားလုံးပါရင် ဥပမာဖြစ်သွားတယ်၊ "ကဲ့သို့" စကားလုံးမပါရင် ရူပကဖြစ်သွားတယ်၊ ယှဉ်ပီးပြတာ။
ဥပမာ...လေဆင်နှမောင်း - ဆင်နှမောင်းသတန် လေ၊
သံသရာ ချားရဟက်၊
သုံးရက်လ၊ ခုံးမျက်စ၊ ရူပကာ အသွင်...အကုန်လုံး ရူပကလင်္ကာတွေပဲ အင်း အများကြီးပဲ ငါလဲမေ့ကုန်ပီ။

ကျွန်မ။ (...) အာ...မေကြီး စောဏတုန်းက ဘာပြောတယ်၊ ခိုင်းနှိုင်းတာ ဟုတ်လား?

အီတွင် သတင်းများကို ကြေညာလို့ပြီးပါပီ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရှင်။ :D

E-g-g ဥ

ဒီနေ့ ဘဲဥချင်ရည်ဟင်း ချက်တယ်။ ကျွန်မနဲ့ ကျွန်မမောင်နဲ့ တွေးမိတဲ့ ဥတွေအကြောင်း conversation ပေါ့နော။

Bro: နင် ကြက်ဥနဲ့ ဘဲဥနဲ့ ခွဲတတ်လား။
Me: ကြက်ဥက အဝါရောင်၊ ဘဲဥက အဖြူ။
Bro: Wrong. မြန်မာ နိုင်ငံက ကြက်ဥတွေ အကုန်လုံး အဝါတွေလား။ ဖီဂျီ မှာရောင်းတဲ့ ကြက်ဥက အဝါရော၊ အဖြူရော။

(ကျွန်မက စဉ်းစားတယ်၊ ဖီဂျီ မှာ ဘဲခြံမရှိတာ တော့အမှန်ပဲ။ တချို့တော့ ဘဲမွေးတယ်။ ဒါပေမယ့် ဥရောင်းစားလောက်အောင် အမွေးဘူး။ သူ့အိမ်အတွက် အသားစားဘဲ တစ်ကောင် နှစ်ကောင် လောက်ပဲမွေးတာ။ ရောင်းသမျှဥတွေက ကြက်ခြံကထွက်တာ။)

Me: အင်း မသိဘူး။ ငါမှတ်မိသလောက်တော့ ဘဲဥက အနှစ်ပိုများသလားလို့။
Bro: ငန်းဥ ဆိုရင်ကော ဘယ်လိုနေမလဲမသိဘူး၊ ငန်းဥ ရောင်းလား။
Me: ငန်းဥ ငါတို့ မစားဘူး၊ ငန်းဥမရှိဘူး။ ငန်းက အကောင်ပေါက်တာ။ ဟို မြွေအကောင်ပေါက်သလိုပေါ့။
Bro: hehehe. ငုံးဥကရော၊ ရာသီအလိုက်ဥတာလား။
Me: ငုံးက ရာသီမရှိဘူး၊ ဥချင်တဲ့အချိန်ဥတာ။ သူဥချင်ပါတယ်ဆိုမှ ရာသီစောင့်နေရမှာလားနော်။
Bro: ဟို Turkey ဥကရော။
Me: Turkey ဥ မစားဖူးဘူး။ ဥမဥဘူး ထင်တယ်။
Bro: ဥတွေကို ဘယ်လို ခွဲလဲ မသိဘူး
Me: အင်း ငါလဲမသိဘူး။ ငါတော့ အကောင်လိုက်ပေါက်တာပိုကြိုက်တယ်။
Bro: hmm...

(ကျွန်မတို့ နှစ်ယောက် နဲနဲ အတွေးနယ်ချဲ့လိုက် ကြတယ်။ ဒါနဲ့ ရှေ့မှာရှိတယ့် ဘဲဥကို ဇွန်းနဲ့ ဖဲ့ရင်း ကျွန်မမောင်ကို ပြန်မေးတယ်)

Me: ဒါဆို၊ ဒါကို ဘယ်လိုခေါ်လဲ။ ဘဲဥချင်ရည်ဟင်း လား၊ ကြက်ဥချင်ရည်ဟင်းလား။ ကြက်ဥချင်ရည်ဟင် ရယ်လို့ မရှိဘူးမိုလား။
Bro: hmm...
Me: hmm...

ဘဲဥ၊ ကြက်ဥ ခွဲခြားမတတ်တဲ့ ကျွန်မတို့ နှစ်ယောက် အတွက်ကတော့ ဥဟင်းချက်တိုင်း တွေးတောဆဲ၊ စဉ်းစားဆဲ၊ mystery ပါပဲ။ သိတဲ့လူများရှိရင် enlighten ကြပါဦးနော။ ကျွန်မတို့ mystery လေးရှင်သွားအောင်ပေါ့နော။