ဒီနေ့ ဘဲဥချင်ရည်ဟင်း ချက်တယ်။ ကျွန်မနဲ့ ကျွန်မမောင်နဲ့ တွေးမိတဲ့ ဥတွေအကြောင်း conversation ပေါ့နော။
Bro: နင် ကြက်ဥနဲ့ ဘဲဥနဲ့ ခွဲတတ်လား။
Me: ကြက်ဥက အဝါရောင်၊ ဘဲဥက အဖြူ။
Bro: Wrong. မြန်မာ နိုင်ငံက ကြက်ဥတွေ အကုန်လုံး အဝါတွေလား။ ဖီဂျီ မှာရောင်းတဲ့ ကြက်ဥက အဝါရော၊ အဖြူရော။(ကျွန်မက စဉ်းစားတယ်၊ ဖီဂျီ မှာ ဘဲခြံမရှိတာ တော့အမှန်ပဲ။ တချို့တော့ ဘဲမွေးတယ်။ ဒါပေမယ့် ဥရောင်းစားလောက်အောင် အမွေးဘူး။ သူ့အိမ်အတွက် အသားစားဘဲ တစ်ကောင် နှစ်ကောင် လောက်ပဲမွေးတာ။ ရောင်းသမျှဥတွေက ကြက်ခြံကထွက်တာ။)
Me: အင်း မသိဘူး။ ငါမှတ်မိသလောက်တော့ ဘဲဥက အနှစ်ပိုများသလားလို့။
Bro: ငန်းဥ ဆိုရင်ကော ဘယ်လိုနေမလဲမသိဘူး၊ ငန်းဥ ရောင်းလား။
Me: ငန်းဥ ငါတို့ မစားဘူး၊ ငန်းဥမရှိဘူး။ ငန်းက အကောင်ပေါက်တာ။ ဟို မြွေအကောင်ပေါက်သလိုပေါ့။
Bro: hehehe. ငုံးဥကရော၊ ရာသီအလိုက်ဥတာလား။
Me: ငုံးက ရာသီမရှိဘူး၊ ဥချင်တဲ့အချိန်ဥတာ။ သူဥချင်ပါတယ်ဆိုမှ ရာသီစောင့်နေရမှာလားနော်။
Bro: ဟို Turkey ဥကရော။
Me: Turkey ဥ မစားဖူးဘူး။ ဥမဥဘူး ထင်တယ်။
Bro: ဥတွေကို ဘယ်လို ခွဲလဲ မသိဘူး
Me: အင်း ငါလဲမသိဘူး။ ငါတော့ အကောင်လိုက်ပေါက်တာပိုကြိုက်တယ်။
Bro: hmm...(ကျွန်မတို့ နှစ်ယောက် နဲနဲ အတွေးနယ်ချဲ့လိုက် ကြတယ်။ ဒါနဲ့ ရှေ့မှာရှိတယ့် ဘဲဥကို ဇွန်းနဲ့ ဖဲ့ရင်း ကျွန်မမောင်ကို ပြန်မေးတယ်)
Me: ဒါဆို၊ ဒါကို ဘယ်လိုခေါ်လဲ။ ဘဲဥချင်ရည်ဟင်း လား၊ ကြက်ဥချင်ရည်ဟင်းလား။ ကြက်ဥချင်ရည်ဟင် ရယ်လို့ မရှိဘူးမိုလား။
Bro: hmm...
Me: hmm...
ဘဲဥ၊ ကြက်ဥ ခွဲခြားမတတ်တဲ့ ကျွန်မတို့ နှစ်ယောက် အတွက်ကတော့ ဥဟင်းချက်တိုင်း တွေးတောဆဲ၊ စဉ်းစားဆဲ၊ mystery ပါပဲ။ သိတဲ့လူများရှိရင် enlighten ကြပါဦးနော။ ကျွန်မတို့ mystery လေးရှင်သွားအောင်ပေါ့နော။