အော် သောကြာနေ့ရောက်သွားပြန်ပြီ။ ဒီအပတ်ဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး။ တပတ်လုံးအရမ်းအလုပ်များတာပဲ။ ရုံးအလုပ်တွေ အများကြီးပဲ။ ပရောဂျက်က ဒီပလွိုင်းမန့် လုပ်ဖို့နီးပီဆိုတော့ ကျန်နေတဲ့ ဘာ့ဂ်တွေကို မြန်မြန်လိုက်ရှင်းနေရတယ်။ ခေါင်းကိုကိုက်နေတာပဲ။
မနေ့က အိမ်မှာ နှစ်ကူးလုပ်တယ်။ မေကြီး က အငယ်မဆီသွားလည်နေတော့ ဒီနှစ် အစားအသောက်တွေအကုန် ဆိုင်ကဝယ်ပြီးလုပ်ရတယ်။ ခေါက်ဆွဲကြော်က လုံးဝမကောင်းဘူး။ မေကြီး လက်ရာကို ခြေဖျားတောင်မမှီဘူး။ တခြားဟင်းတွေကလဲ သိပ်စားလို့မကောင်းသလိုပဲ။ ဟင်းတွေ၊ မုန့်တွေ အဖေ ဝယ်လာလိုက်တာ အလျုံပယ်ပဲ။ မနေ့ညက မကုန်လို့ ခွေးစာထဲ ထည့်လိုက်ရတာတွေ အများကြီး။ နှမျောလိုက်တာ။ တော်ရုံပဲ ဝယ်ပေါ့၊ ဒီနှစ် အမေအိမ်မှာ မရှိလို့ စတိလောက်ပဲလုပ်တာမဟုတ်ဘူးလို့ သွားပြောမိလို့၊ ငါ့ဟာငါ လုပ်ချင်လို့လုပ်တာ နင်ကဘာဖြစ်လဲ ဆိုပြီး အဆူတောင်ခံလိုက်ရသေးတယ်။ မနေ့ နေ့လယ်က ကန်တော့တာ ကျွန်မက ရုံးမှာ အလုပ်အရမ်းရှုပ်တော့ အဖေလာခေါ်တာကို မလိုက်ဘူး၊ မကန်တော့ဘူးဆိုပီး နေလိုက်တာ။ အငယ်ကောင်ပဲ ပါသွားတယ်။
နှစ်တိုင်း နှစ်ကူးရောက်ရင် အဖေနဲ့ ရန်ဖြစ်ရတယ်။ ကျွန်မက တရုတ်လူများ ဘာသာ ထုံးတမ်းစဉ်လာ စသည်စသည်တွေကို ဘာမှသိတာမဟုတ်ဘူး။ သွေး အနဲငယ်ဆပ်တာပဲရှိတယ်။ ကိုယ်မသိတဲ့ စိတ်မဝင်စားတဲ့ ဟာကို လုံးဝမလုပ်ချင်ဘူး။ အဲတော့ ဒီနှစ်ရန်ဖြစ်ပီး လုံးဝ မကန်တော့လိုက်ဘူး။ အစားအသောက်တွေတော့စားလိုက်ပါတယ်။ မစားလို့ရင် လွှင့်ပစ်ရမှာ။ လုံးဝမကုန်ဘူး အများကြီး။ အဖေကလဲ အဲဒါနဲ့ပတ်သပ်ပြီး မကြည်ဘူး။ မတတ်နိုင်ဘူး၊ မလုပ်ချင်တာတခုကို ဟိုလူ့မျက်နှာထောက်၊ ဒီလူ့မျက်နှာထောက်ပြီး လိုက်လုပ်မနေနိုင်ဘူး။ အကြီးဆုံးသမီးဖြစ်လို့ ဒီအမွေကို ဆက်ခံရမယ်လို့ ဟိုနှစ်က အဖွားကပြောတယ်။ တခါတည်း ငြင်းပြီး လုံးဝမလုပ်နိုင်ဘူး ပြောပလိုက်တယ်။ အငယ်ကောင် လုပ်လေ့မယ်လို့ပြောလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သပ်ပြီး ကျွန်မတဖက်၊ အဖွားနဲ့ အဖေနဲ့ တဖက်၊ လုံးဝ မတည့်ဘူး။ အမေကတော့ တရုတ်စပ်ကို ယူထားမိတာဆိုတော့ သိပ်မပြောနိုင်ဘူး။ လုပ်စရာရှိတာ လုပ်ပေးလိုက်တာပဲ။ ကျွန်မနဲ့ကတော့ နှစ်ကူးရောက်တိုင်း တဆူဆူပဲ။ နောက်နှစ်လဲ မရှိခိုးနှိင်ဘူး။
ကျွန်မ အတွက် ရေရေရာရာ မသိတဲ့ လူမျိုး ထုံးတမ်းစဉ်လာ တစ်ခုကို အချိန်ကုန်ခံပြီး လုပ်မနေနိုင်ဘူး။ ကျွန်မကိုယ် ကျွန်မ တရုတ်တယောက်၊ တရုတ်ဆပ်တယောက် ဖြစ်တယ်လို့ ဘယ်တော့မှ မခံယူချင်ဘူး။ တကယ်လို့ ကျွန်မသော်၎င်း၊ သွေးဆပ်သူ အဖေ၊ အဖွားသော်၎င်း၊ တရုတ် စကားတတ်ခဲ့ရင်၊ ဒါမှမဟုတ် တရုတ်လိုနဲနဲနီးဆပ်ခဲ့ရင်၊ ကျွန်မအတွက် အော် ငါသည်လဲ သူတို့လူမျိုးနဲ့ သွေးတော်နီးဆပ်ပါလား ဆိုပီး ခံယူလို့ရသေးတယ်။ ခုဟာက အိမ်မှာ တယောက်မှ တရုတ်စကားလဲ မတတ်ဘူး၊ တရုတ်လိုလဲ မနေဘူး၊ ဘာဆိုဘာမှ မဆိုင်သလိုပဲနေပီး နှစ်ကူးကြမှ၊ ဟေး နှစ်ကူးလုပ်ရမယ်၊ ဟိုး အရင် ဘိုးဘေးဘီဘင် တွေလုပ်လာလို့၊ သားအကြီးဆုံးဖြစ်တဲ့၊ ငါ၊ နင့်အဖေဟာလဲ ဒီနှစ်ကူးကို အဖွားအလိုကျ၊ ထုံးစံအရ လုပ်ရမယ် ဆိုတာမျိုး။ လုံးဝစိတ်မဝင်စားဘူး ဒါမျိုး။ ဘယ်လောက်ဆူဆူ ငေါက်ငေါက် ကျွန်မကတော့ အလုပ်မပြတ်ဘူး အကိုင်မပြတ်၊ အစားအသောက်မပြတ်ဘူး။ ခေါင်းမာတယ်ပြောလဲ မတတ်နိုင်ဘူး။ ကိုယ် မကြိုက်ဘူး အသိဘူးဆိုရင်၊ လုံးဝ မစပ်ဆက်ချင်ဘူး။
ထားပါတော့။ မနေ့က ပွစိပွစိ မျက်စောင်းထိုးခံ၊ အဆူခံရတာကို၊ ကောင်းကောင်းအစာမကြေလို့ ဒီပေါ်လာပီး ရင်ဖွင့်နေတာ။ ဒါပဲ။ အလုပ်ဆက်လုပ်လိုက်ဦးမယ်။
Enjoy your Friday.