Wake Up Call: Hayden Panettiere

မနေ့တုန်းက ဟေဒန် ပန်နက်တီးယား Hayden Panettiere ရဲ့သီချင်းကို ပထမဆုံးအကြိမ်နားထောင်ဖြစ်တယ်။ ရေဒီယိုရစ်ပ် ဖိုင်လင့်ကို တွစ်ထားလိုက်တယ်။ ဒီနေ့ ယူကျု ဗီဒီရို ထွက်လာတာတွေ့လို့ ဘာရယ်မဟုတ်ပါဘူး တင်လိုက်ဦးမယ်လေဆိုပီး ဒီမှာတင်ထားလိုက်တာပါ။ ဟေဒန်ကို teen movie တော်တော်များများမှာ သရုပ်ဆောင်ကတည်းကကြိုက်တယ်။ ကျွန်မအကြိုက် Heroes ဇာတ်လမ်းတွဲထဲမှာ သူက Cheerleader လုပ်တယ်။ Save the cheerleader, save the world ဆိုပီး ပီတာ ပထရယ်လီ က သူ့ကိုသွားကယ်ရတယ်။ ကျွန်မထင်တာတော့ ကောင်မလေးက ချစ်ဖို့ကောင်းတယ်၊ အရပ်ကလေး နဲနဲပု၊ နဲနဲဝ တာကလွဲလို့။ သရုပ်ဆောင်လဲ သိပ်မဆိုးလှပါဘူး။ ကျွန်မကတော့ သူ့အရွယ် မင်းသမီးတွေထဲမှာပါတဲ့ လင်စေလိုဟန် တို့၊ အက်ချလီ တစ်စဒရ် တို့၊ အရ်မာ ဝတ်ဆန် တို့ထက်စာရင် ဟေဒန်ကို ပိုကြိုက်တယ်။

"Wake Up Call": Hayden Panettiere

အင်းထားပါတော့၊ သူ့သီချင်းကတော့ nothing special, just average, no uniqueness but an OK song. သူ့အသံက ရီဟာနာ စတိုင်လိုလို၊ ပဲရစ်ဟေတန် စတိုင်လိုလို၊ ဗီဒီရို အဖွင့်ကလဲ ပူစီကတ်ဒေါလ် လိုလို၊ ခရစ်စ်တီးနာလိုလို ဖွင့်ထားတယ်။ အင်း ဟိုလိုလို၊ ဒီလိုလို လေးပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မလဲ ထမင်းစားချိန် နဲနဲအားနေလို့ ဒီမှာလာတင်လိုက်တာပါ။

နားညီးတယ်

ဒီမှာမရေးတာကြာပီမို့ ပြန်ရေးရင်း ရင်ထဲရှိတာလေးတွေ ပြောရဦးမယ်။ ဒီနေ့ ရုံးမှာအရမ်းဆူညံနေတာပဲ။ ပရောဂျက်မန်နေဂျာ အရမ်းသောင်းကျန်းနေတယ်။ သူနဲ့ ဘော့စ်နဲ့ ပရိုပိုဆလ်တစ်ခုရေးနေတာ၊ ဒေါ့ကျုမန့် တန်ပလိပ် ကိုအကြိုက်လို့ဆိုပီး မနက်ကတည်းက ဂျီတိုက်တာ ခုထိမပီးသေးဘူး။ ဒီလူက တစ်ရုံးလုံးမှာ အသံအကျယ်ဆုံးပဲ။ အဆဲလဲအရမ်းသန်တယ်။ တော်ရုံလူ သူ့ကိုမခံနိုင်ဘူး။ သူက အအော်သန်ရုံတင်မကဘူး ဘေးမှာရှိတဲ့ ပစ်စည်းတွေကိုပါ ထုထောင်းလိုက်သေးတယ်။ သူ့ ကီးဘုတ်နဲ့ ဖုန်းနဲ့ကို အရမ်းသနားတာပဲ။ သူမကျေနပ်တိုင်း အထုထောင်းခံနေရလို့။ သူက ကျွန်မရှေ့မှထိုင်တော့ ကျွန်မနားအညီးအခံရဆုံးပဲ။ တခါတခါ စဉ်းစားပီးလုပ်နေတဲ့ ကုဒ်လေးတွေ သူထထအော်လိုက်တာ လန့်ပီး တွေးထားတာတွေပျောက်ကုန်ရော။ အရမ်းစိတ်ကုန်ဖို့ကောင်းတယ်။ ကျွန်မတို့အကုန်လုံးက သူ့အကြောင်းသိနေတော့ တော်ရုံသူအော်တာ ဆဲတာကို ဂရုမစိုက်ကြပါဘူး။ ဒီနေ့တော့ အရမ်းဆိုးတယ်။ ကလေးမဟုတ် သူငယ်မဟုတ် ဂျစ်လုပ်သလိုမျိုးဖြစ်နေတယ်။ ပြင်လို့မရတဲ့ ကိစ်စမျိုးကို သည်းခံပီး လုပ်တာမဟုတ်ဘူး၊ ထပ်ခါတလဲလဲ ကွန်ပလိန့် တက်နေတယ်။

ကျွန်မအလုပ်တွေအရမ်းရှုပ်နေပါတယ်ဆို သူက အရှေ့ကနေ အာပြဲကြီးနဲ့ ထထဆဲနေတာ၊ လူပါစိတ်တိုပီး ဘယ်တော့ပြန်ဆဲမိတော့မယ်မသိဘူး။ ဖြစ်နိုင်ရင် အနောက်ကနေ သူ့ခေါင်းတုံးပြောင်ကို တခုခုနဲ့ ကောက်ပေါက်ပစ်လိုက်ချင်တယ်။ ဘော့စ်ကလဲ စိတ်အတော်ရှည်တယ်။ သူ ဘောစ့်ကို ဒရိုက်ကြီးဆဲနေတာကို ခပ်အေးအေး ပြန်ပြောရှင်းပြနေသေးတယ်။ ကျွန်မသာဆို ဒီလောက်စိတ်ရှည်နိုင်မှာမဟုတ်ဘူး။ ကိုယ့်ငယ်သားတစ်ယောက်ဆီက အဆူအငေါက်ခံနိုင်မှာမဟုတ်ဘူး။ သူတို့နှစ်ယောက်က အကြောင်းသိ သူငယ်ချင်းတွေမို့ ဒီလောက်သည်းညီးခံနိုင်တာလားတော့မသိပါဘူး။ ပြောချင်တာက တစ်ရုံးလုံးမှာ ဒီလူအဆိုးဆုံးပဲ။ သူနဲ့အတူလုပ်တာကြာတော့ ကျွန်မပါ သူ့ဆီက ဓာတ်တွေ ကူးကူးလာတယ်။ ဆဲတတ်လာတယ်၊ ထထအော်ချင်လာတယ်။ စိတ်တိုရင်သူ့လိုပဲ ဘေးက မေါက်စ်တွေ၊ ဖုန်းတွေကို တဒေါင်းဒေါင်းထုထောင်းပစ်ချင်လာတယ်။ ဒါပြောတာပေါ့ လူမိုက်ဆိုရင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ကင်းအောင်နေ ဆိုတာ။ ကိုယ့်အနီးအနား အန်ဗရားမန့် ရဲ့ ဓါတ်တွေကူးဖို့သိပ်လွယ်တာပဲ။ မလွှဲသာနိုင်ရင်တော့ ကိုယ့်ဟာကိုယ်ဆင်ချင်နေတာအကောင်းဆုံးပါပဲ။ ကျွန်မလဲ ဆင်ချင်နေရတယ်။ ဒါပါပဲ။