Wake Up Call: Hayden Panettiere

မနေ့တုန်းက ဟေဒန် ပန်နက်တီးယား Hayden Panettiere ရဲ့သီချင်းကို ပထမဆုံးအကြိမ်နားထောင်ဖြစ်တယ်။ ရေဒီယိုရစ်ပ် ဖိုင်လင့်ကို တွစ်ထားလိုက်တယ်။ ဒီနေ့ ယူကျု ဗီဒီရို ထွက်လာတာတွေ့လို့ ဘာရယ်မဟုတ်ပါဘူး တင်လိုက်ဦးမယ်လေဆိုပီး ဒီမှာတင်ထားလိုက်တာပါ။ ဟေဒန်ကို teen movie တော်တော်များများမှာ သရုပ်ဆောင်ကတည်းကကြိုက်တယ်။ ကျွန်မအကြိုက် Heroes ဇာတ်လမ်းတွဲထဲမှာ သူက Cheerleader လုပ်တယ်။ Save the cheerleader, save the world ဆိုပီး ပီတာ ပထရယ်လီ က သူ့ကိုသွားကယ်ရတယ်။ ကျွန်မထင်တာတော့ ကောင်မလေးက ချစ်ဖို့ကောင်းတယ်၊ အရပ်ကလေး နဲနဲပု၊ နဲနဲဝ တာကလွဲလို့။ သရုပ်ဆောင်လဲ သိပ်မဆိုးလှပါဘူး။ ကျွန်မကတော့ သူ့အရွယ် မင်းသမီးတွေထဲမှာပါတဲ့ လင်စေလိုဟန် တို့၊ အက်ချလီ တစ်စဒရ် တို့၊ အရ်မာ ဝတ်ဆန် တို့ထက်စာရင် ဟေဒန်ကို ပိုကြိုက်တယ်။

"Wake Up Call": Hayden Panettiere

အင်းထားပါတော့၊ သူ့သီချင်းကတော့ nothing special, just average, no uniqueness but an OK song. သူ့အသံက ရီဟာနာ စတိုင်လိုလို၊ ပဲရစ်ဟေတန် စတိုင်လိုလို၊ ဗီဒီရို အဖွင့်ကလဲ ပူစီကတ်ဒေါလ် လိုလို၊ ခရစ်စ်တီးနာလိုလို ဖွင့်ထားတယ်။ အင်း ဟိုလိုလို၊ ဒီလိုလို လေးပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မလဲ ထမင်းစားချိန် နဲနဲအားနေလို့ ဒီမှာလာတင်လိုက်တာပါ။

2 comments:

Steve Evergreen said...

thanks for sharing. but I think i need sometime to adore her. btw, why ကျွန်မ here?

Mayvelous said...

Writing and speaking is entirely two different matters.