ဘာမှမဟုတ်ဘူး

ဟိုအပတ်ကတည်းက ကွန်ပြူတာအသစ်မှာ ဟိုဟာထည့် ဒီဟာထည့်လုပ်နေတာ။ ဇော်ဂျီလက်ကွက်ထည့်ထားတာ လော့ဂ်အင် အသစ်နဲ့ဝင်တော့ လက်ကွက်က ဘယ်ရောက်သွားမှန်းမသိဘူး။ System32 folder ထဲက file ကို delete ပီး ပြန် install မှ လက်ကွက်က language settings ထဲပြန်ပေါ်လာတယ်။ zawgyi.net က ခုထိ ဒေါင်းနေတုန်းပဲ။ ဘာဖြစ်နေလဲမသိဘူး။ မြန်မာလိုရေးဖို့ ခေါင်းထဲထည့်ထားတာလေးတွေ၊ လက်ကွက်ပြသနာတက်နေတာနဲ့ ရေးချင်စိတ်တောင်မရှိတော့ဘူး။ နောက်မှ ပြန်စဉ်းစားပီးရေးတော့မယ်။ type တာကလဲ အကြာကြီး အပြင်းထူတယ်။ ခေါင်းထဲရှိတာလေးတွေ ကွန်ပြူတာက သူ့အလိုလို type ပေးသွားရင်သိပ်ကောင်းမှာပဲ။ speech recognition program လိုပြောလိုက်တာနဲ့ နောက်ကလိုက်ရေးသွားတာမျိုးပေါ့။

ခုတလော twitter ဖက်ကိုခြေလှမ်းအတော်ရောက်နေတယ်။ ဘလော့ဂ်ပိုစ့်ရေးရတာ အပြင်းထူလို့ လွယ်လွယ်ပီးတဲ့ twitter ကိုပဲလှမ်းတင်နေမိတယ်။ twhirl ဆိုတာလေး install ထားတာ အရမ်းကြိုက်တာပဲ။ သူငယ်ချင်းတွေတင်တာတွေကိုကောင်းကောင်းလိုက်ကြည့်လို့ရတယ်။ multiple account နဲ့လဲသုံးလိုရတယ်။ အတော့်ကို စိတ်ကြိုက်ဖြစ်နေတယ်။ နောက်မှ English ဖက်မှာ review ကောင်းကောင်းရေးမယ်။ အင်း...နောက်မှတွေ များနေပီ။ ခုလဲ နောက်မှ ပို့စ်ကောင်းကောင်းရေးလိုက်တော့မယ်။ ယူစ်ဇာ မန်နယူရယ်လ် တစ်ခုရေးစရာရှိနေလို့ ဆက်လုပ်လိုက်ဦးမယ်။

8 comments:

MELODYMAUNG said...

မေရေ အဲဒီ twhirl ကြီးကို အင်စတော လုပ်လို့ ရသေးဘူးကွ ဘာဖြစ်လို့လဲ သိဘူး exe နှစ်ဖိုင်လုံးကတော့ ဒေါင်းလုပ်ချပြီးမှ cannot run ဗျာ ပြောပြပါဦး

Mayvelous said...

ဘာ error ရနေလဲ အမ၊ You have to install Adobe Air 11MB first, then install twhirl.

Anonymous said...

အရင်က blog မှန်းစသိခါစက ko nyilynnseck ကစသိခဲ့တယ် ပြီးတော့ အမ blog ကိုဝင်ကြည့်
ဖြစ်သေးတယ်၊ ခုမှ နဲနဲပါးပါးနားလည်တော့ကြည့်ရတာပို
အဆင်ပြေသွားတယ် ၊ ဘာဘဲ ဖြစ်ဖြစ် ထက်မြက်တဲ့ မြန်မာ
အမျိုးသမီးများ ကို လေးစားပါတယ် ၊ ဆက်ပြီးတော့လည်း
အားပေးနေပါမယ် :)

စိုးထက် - Soe Htet ! said...

twhirl က မြန်မာလို မပေါ်လို့ :P လုပ်ပါဦး ... :P

Mayvelous said...

Top-right corner, 1st button - looks like some spanner image,
- click on it, Configuration window will open up.
- Click on "Visual" tab
- Choose Zawgyi-One from "Text font" dropdown list.
- Save
Voila!

စိုးထက် - Soe Htet ! said...

ပြီးတော့ လာလည် သွားတာ ကျေးဇူး ... ကျွန်တော် က နာမည် ကြီးတွေ လာလည် ရင် ပျော်လို့ :P

စိုးထက် - Soe Htet ! said...

Many thanks ! :)
Cheers !

Mayvelous said...

ရောက်ဖြစ်ပါတယ်ရှင်။ comment သာမချဖြစ်တာပါ။ ဦး (အကိုကြီး) ရေးတဲ့ post တွေ very interesting ပါ။
ဒီထဲမှာတောင် link ထားလိုက်ပါသေးတယ်။
http://www.globalvoicesonline.org/2008/04/25/aussies-and-kiwis-celebrate-anzac-day/