သောကြာနေ့ အတွေးများ

အော် သောကြာနေ့တောင် ပြန်ရောက်လာပြန်ပြီ။ ဒီအပတ် ဟိုလုပ်ဒီလုပ်နဲ့ အချိန်ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။

ဒီအပတ် ရုံးကို အချိန်မှီ ရောက်နေတယ်။ ပုံမှန်ဆိုရင် ၉:၃၀ လောက်မှ ရောက်နေကြ။ ရုံးက ၈:၀၀ - ၅:၀၀။ ကိုယ်တက်နေကြက ၉:၃၀ - ၆:၀၀. ဒါကြောင့် ဒီအပတ် ထူးထူးရှားရှား စောရောက်တာကို စာကြီးပေကြီးဖွဲ့နေတာ။ ကိုယ့်ကို ကိုယ်တောင် တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး အပြတ် ချီးမွှန်း ပစ်လိုက်သေးတယ်။

ပြောလို့သာပြောတာ။ ကိုယ်ဟာကိုယ် ဘယ်တော့မှ အိပ်ရာက မထဘူး။ မနက်တိုင်း အဖေက အိပ်ခန်းဝကနေ ၆:၃၀ လောက်ဆို လာလာအော်တယ်။ ခပ်တည်တည်ပဲ တုတ်တုတ်တောင် မလုပ်ဘူး။ ၇:၀၀ လောက်ကြတော့ mb alerm က ထမြည်တယ်။ နားညီးလို့ ပြန်ပိတ်လိုက်တယ်။ ၈:၀၀ လောက်ကြတော့ မောင် အငယ်ကောင်က နား နားကပ်ပြီး ငှက်ဆိုးထိုးသံနဲ့ "မစု ထတော့။ ၈နာရီ ထိုးပြီ။ နင် ဖေကြီးနဲ့လိုက်မှာလား taxi နဲ့သွားမှာလား" ဆိုပြီးအော်ပါလေရော။ ၁ချက် ၂ချက် အော်ရင် မမှုသေးဘူး။ သူက တခါတလေ ခြေထောက်နဲ့ကန်တယ်၊ ကန်လို့မရရင် ခြေထောက်ကကိုင်ပြီး ကတင်ပေါ်က ဆွဲချတယ်။ ကျွန်မ အမုန်းဆုံးက ကျွန်မ ကတင်ပေါ် သူ့ ဖိနပ်ကြီးနဲ့ တက်ပြီး ထထခုန်ခြင်းပဲ။ အဲလိုလုပ်လို့ကတော့ ငေါက်ခနဲ ထပြီး ရန်ထဖြစ်ပါလေရော။ အင်း အိပ်ချင်စိတ်လဲ အဲဒီမှတင်ပဲ ကြက်ပျောက် ငှက်ပျောက်ပေါ့။ ကျွန်မက ဘယ်သူမှ ကျွန်မ ကတင်ပေါ်တက်တာ မကြိုက်ဘူး။ အိပ်ရာခင်း တွန့်သွားမှာကို အလွန်မုန်းတယ်။ ကျွန်မ အိပ်ရင်လဲ အိပ်ရာခင်း မတွန့်အောင် တတ်နိုင်သမျှ ငြိမ်ငြိမ် အိပ်တတ်တယ်။ အဲဒီတော့ ကတင်ပေါ် တက်တက်ခုန်တတ်တဲ့ သူနဲ့ ကျွန်မနဲ့က အကြီးမားဆုံး ရန်သူတော်တွေပဲ။ ဘာပဲဖြစ်ဖြစ် ဒီအပတ် mb alerm သံကြားကတည်းက အိပ်ရာထဖြစ်ပြီး၊ အဖေ့ကားအမှီ လိုက်ဖြစ်တော့ ရုံးချိန်မှီနေတာပေါ့။

ထားပါတော့၊ စာလုံးတစ်လုံး တစ်မိနစ်နှုန်းနဲ့ type နေတာ။ Tea တောင် အေးသွားပြီ။ Google Reader ပေါ် မျက်စိခဏကစားလိုက်ပီး blog နဲနဲပေါ် ဟို hop ဒီ hop လုပ်လိုက်ရင်း အတွေးလေးတွေပေါ်လာပြီး အတွန့်တက်ချင်စိတ်လေးတွေပေါက်လာတယ်။ အင်း ရောဂါ၊ ရောဂါ။

blog တော်တော်များများမှာ gravatar enabled comment system ရှိကြတယ်။ blogger တော်တော်များများက အဲဒီ system ကို နှစ်သက် အသုံးပြုကြပါတယ်။ ကိုယ့် ပို့စ်ရဲ့ comment လေးတွေမှာ အရောင်အသွေးစုံ လေးထောင့်ပုံလေးတွေမြင်ရတော့ ပိုမျက်စိ ပဒါရသင့်တာပေါ့နော်။ ဒါပေမဲ့ တချို့တွေက regular blogger/commenter တွေဖြစ်သော်ငြားလည်း gravatar လေးတစ်ခုလုပ်ဖို့ကို အလွန်ဝန်လေးကြတယ်။ အော်ကျွန်မ သိပ်မုန်းတာပဲ။ ဘယ်လောက်မှ ကြာတဲ့ဟာမဟုတ်ဘူး။ ကျွန်မ gravatar ဆိုတခါလုပ်ပြီးတတည်းက နှစ်ပေါက်သုံးလာတာ။ ဘာမှကို maintenance တို့ password expire မဖြစ်ခင် ပြန်ဝင်ပါ လို့ စတဲ့ annoyance တွေမရှိဘူး။ ပြီးတော့ သူက photo host ဖို့လဲ မပူရဘူး။ ဒီလောက် convenient ဖြစ်ပြီး အလွန်အသုံးဝင် ချစ်ဖို့ကောင်းတဲ့ service လေးကို နော်၊ တစ်ချို့က ignore ထားကြတယ်။ ဝမ်းနည်းလိုက်တာ။ ကဲ အားတဲ့အခါ Gravatar account လေးတစ်ခုလောက်တော့ လုပ်ထားပါလား ရှင်ရယ်။ ရှင့် gravatar လေးကြောင့် ချစ်သူ၊ ခင်သူ၊ သတ်ချင်သူ တွေပိုပေါ်များလာပါလေ့မယ်။ စမ်းကြည့်လိုက်ပေါ့။

နောက်တစ်ခု တွေးမိတာက Multi-Blogs ရှိတဲ့သူတွေ (ကျွန်မလဲပါတယ်)၊ Blog domain/Hosting မကြာခဏ ပြောင်းရတယ့်သူတွေ Feedburner လေးကို အသုံးပြု သင့်တယ် ထင်တယ်။ အဲဒါလေး အသုံးပြုသောအားဖြင့် Blogger and Reader နှစ်ဦးနှစ်ဖက်အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ Feed Reader တွေအတွက် အလွန် convenient ဖြစ်ပြီး ကိုယ့် Blog ကို ဘယ်နှစ်ယောက် subscribe လုပ်တယ်ဆိုတာကို တော်တော်လေး နီးစပ်မှန်ကန်အောင် ခန့်မှန်းလို့ရပါတယ်။ ကျွန်မတောင် ၂ခုလုပ်ထားသေးတယ်။ လင့်ကို အရင် theme အဟောင်းတုန်းကတင်ထားတာ၊ ဒီအသစ်မှာ မတင်ရသေးဘူး။ မေ့သွားလို့ ခုမှကိုယ်ဟာကိုယ်ပြန်သတိရတယ်။

အဲလို feed ကို centralize သောအားဖြင့် Blogger ဟာသူ့ Blog အသစ်ပြောင်းတိုင်း Reader တွေကို Feed အသစ် subscribe လုပ်ခိုင်းစရာမလိုတော့ဘူး။ Feedburner control panel ထဲမှာ new feed ကို ထည့်လိုက်ရုံပဲ။ ဆိုကြပါဆို့ ကျွန်မအရင် mayvelous.blogspot.com က .atom.xml အနေနဲ့ feed ထွက်တယ်။ နောက် blogger.com အသစ်ပြောင်းတော့ rss feed ပုံစံသစ်၊ လင့်အသစ်နဲ့ ထွက်ပြန်ရော။ နှစ်မျိုးစလုံးကလဲ အလုပ်လုပ်တယ်။ subscriber တွေကလဲ သူတို့ကြိုက်ရာရွေး subscribe တယ်။ အားလုံးကောင်းပါတယ်။ ဒါပေမယ့် tracking ကြတော့ဒုက္ခရောက်ရော။ ဘယ် feed မှာ ဘယ်နှစ် subscription ရှိမှန်းမသိတော့ဘူး။ ပိုဆိုးတာက တကယ်လို့ ကျွန်မ blog domain ပြောင်းမယ်ဆိုပါတော့၊ feed link ကအဲဒီ domain အသစ်အတ်ုင်း ပြောင်းသွားပြန်ရော။ Redirecting domain ဆိုရင် သိပ်ကိစ္စမရှိဘူး၊ အရင် link အဟောင်းနဲ့လဲ အလုပ်ဖြစ်နေနိုင်သေးတယ်။ ဒါပေမယ့် redirect တာတင်မဟုတ်ပဲ host change တာတို့၊ blog platform change တာတို့ဆိုရင် အရင် feed link အဟောင်းနဲ့ အလုပ်မလုပ်တော့ဘူး။ အဲဒီကြမှ readers တွေကို feed link subscription change ခိုင်းရင် အသာလေး half of the readers will gone missing. တချိုက အားကြီးအပြင်းထူကြတာ ကျွန်မအပါမဝင်ပါပဲ။ တော်ရုံတန်ရုံ အလုပ်ရှုပ်ရမယ့် ကိစ္စဆို ဘယ်လောက်ပဲလွယ်ပစေ၊ မလုပ်ချင်ကျဘူး။ တကယ်လို့ centralize feed ရှိမယ်ဆိုရင်၊ ကိုယ့် feed link ဘယ်လောက်ပြောင်းသွားပစေ။ subscriber တွေတောင် မသိစေရဘူး၊ သူတို့တွေလဲ အလုပ်မရှုပ်တော့ဘူး၊ tracking အတွက်လဲပိုလွယ်ကူသွားတာပေါ့နော်။ အဲဒီတော့...ပြောချင်တာက (ဟူးမောလိုက်တာ လေရှည်နေတာ၊ လိုရင်းမရောက်တော့ဘူး) ... try to centralize your feed by burning your feeds in a feedburner account. There you go, that's what I wanna say. Geez!

ကျန်သေးတယ်၊ နောက်တစ်ခု ထပ်ရှည်လိုက်ဦးမယ်။ Multiple-blogs ပိုင်သူတွေဟာ Feed ၃ ၄ ခုကို combine ချင်ရင် ဒီကောင်လေးကို သုံးကြည့်ပါ။ ပြီးရင် feedburner ထဲထည့် burn ပါ။ Ok မှာ စိုပြေစေရမယ်။

တော်ပြီ type ရတာပြင်းလာပြီ၊ အတွေးတွေက ရှိသေးတယ် နောက်မှဆက်တော့မယ်။ ဒီကနေ့အတွက် အက်တစ်ဖ် ဘာ့ဂ် ၄၄ ကောင် ထုထောင်းစရာရှိသေးတယ်။ အလုပ်ဆက်လုပ်လိုက်ဦးမယ်။

ဒီပို့စ်ကို လဖ္ကရည် တစ်ခွက် အတွေး လို့ ခေါင်းစဉ်တတ်မလို့၊ လက်ဖက်ရည် ကိုဘယ်လို ပေါင်းရမှန်း မေ့သွားတာနဲ့၊ အဟီး။

Enjoy your Friday and have a good weekend. (အဲတာကို မြန်မာလို ဘယ်လိုပြောလဲ)

လက်ခုပ်တီးကြပါ

အမှတ် ၉၈၀ နဲ့ စာမေးပွဲ တစ်ခု ဒီနေ့ နေ့လည် ၃နာရီတွင် အောင်မြင်စွာ ဖြေဆိုပြီးသွားကြောင်း။
ဟီးဟီး ကြွားတာ။
စာမေးပွဲ ၃ ခုပြီးသွားပြီကွ၊ နောက်ထပ် ၂ ခုပဲလိုတော့တယ်။ ပြီးရင် ကောင်းကောင်းအိပ်မယ်။

အော် ဒါနဲ့ Little Mayvelous Things ကို http://mayvelous.myanmarbloggers.org လင့်နဲ့လဲ ဝင်လို့ရပါပြီ။ ဟိုနေ့က main site နဲ့ ဒီဘလော့ဂ်က template တွေလဲရင်း စိတ်ကူးရတာနဲ့ မမီဆီက subdomain request လိုက်တာ။ ကျွန်မရဲ့ mayvelous.com မှာ ဘယ်လို subdomain ကို configure လုပ်ရမှန်းမသိတာလဲပါတယ်။ ဘာပဲဖြစ်ဖြစ် myanmarbloggers.org ကောင်းမှုလေးနဲ့ ရလိုက်တဲ့ ဒီ subdomain အတွက် ကျေးဇူး တင်ကြောင်းပါ။
သာဓု၊ သာဓု။ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ။ ဟီး။

News

ဒီနေ့မှစ နှစ်၁၀၀ တိုင်၊ ဒီဘလော့ဂ်သည် မြန်မာ ဘလောဂ်အဖြစ် တည်လတံ့။ ။